မောင်တောမြို့ လုံခြုံရေးအတွက် အတွင်းစည်း၊ အပြင်စည်းများအား တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေဟုဆို


ဇွန် ၂၈ ၊ မောင်တော

ရခိုင်ပြည်နယ်နယ်စပ် မောင်တောမြို့လုံခြုံရေးအတွက် အတွင်းစည်း ၊ အပြင်စည်းများကို တပ်မတော်မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီလောက်က မောင်တောမြို့ သာသန့ာဗိမာန်မှာ ပြုလုပ်ခဲ့သည့် မြို့ခံလူထုနှင့် တပ်မတော်တွေ့ဆုံပွဲတွင် တပ်ရင်း ၃၄၅ တပ်ရင်းမှူး က ပြောဆိုလိုက်သည်။


တပ်ရင်းမှူး သန်းထွန်းအောင်က “ မောင်တောမြို့ပေါ် လုံခြုံရေးအတွက် ကျနော်တို့တပ်ရင်းက အပြည့်အဝ တာဝန်ယူပေးသွားပါ။ မြို့ခံတွေအနေနဲ့ ကောလဟာလသတင်းတွေကြောင့် စိုးရိမ်မှုမမြင့်မားစေဖို့ မှာကြားလိုပါတယ်။ အခုလို facebook ခေတ်ကြီးမှာ သတင်းတွေက မျိုးစုံထွက်ပေါ်နေပါတယ်။ ဟုတ်တာရှိသလို မဟုတ်တာတွေက များနေပါတယ်။ ဒါကို ပြင်ပမှာ ပြည်သူတွေရဲ့ အကြောက်တရားက ပိုများလာနေကြပါတယ်။ ဒါကြောင့် အခုလိုမောင်တောမြို့ခံတွေနဲ့ တွေ့ဆုံပွဲလေး ပြုလုပ်ရတာ ဖြစ်ပါတယ်။ ” ဟု ဆိုသည်။


မောင်တောမြို့လုံခြုံရေးမှာ စိုးရိမ်နေရသဖြင့် တပ်မတော်နှင့်ပြည်သူတို့ အမြဲတမ်းလက်တွဲပူးပေါင်းဖို့ လိုအပ်ကြောင်း ၊ ယခုဆိုလျှင် ဘင်္ဂလီအကြမ်းဖက်သမားများမှာ အရပ်သားများကိုတောင် တိုက်ခိုက်လာနေပြီဖြစ်သည့်အတွက် မြို့ပေါ်လုံခြုံရေးအတွက် တစ်နေရာရာတွင် ပြဿနာတစ်ခုပေါ်ပေါက်လာပါက တပ်ရင်း နှင့် အချိန်မရွေးဆက်သွယ်နိုင်ရန်လိုအပ်သဖြင့် ကွန်ယက်သဖွယ်ရှိနေရမည် လို့ မောင်တောမြို့ခံတစ်ဦးဖြစ်သည့် ရှေ့နေ ဦးကျော်ထွန်း က တင်ပြပြောဆိုခဲ့သည်။

နောက်မြို့ခံသားတစ်ဦးကလည်း ဘင်္ဂလီရွာများနှင့် ဆက်စပ်နေသည့် နေရာများမှ ရဲကင်းစခန်းအချို့မှာ ညအချိန်အတွင် အများစုသောက်စားမူးယစ်နေသောကြောင့်း အကြမ်းဖက်ဘင်္ဂလီများအချိန်မရွေး မြို့တွင်းသို့ ဝင်ရောက်နိုင်ကြောင်း၊ ကင်းစခန်းများတွင်လည်း အနည်းဆုံး တပ်မတော်သားသုံးဦးလောက်စီ တာဝန်ချထားပေးလိုကြောင်း တင်ပြခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် အောင်ဗလကျောင်းဆရာတော်မှ ဦးစီးပြီး ဘင်္ဂလီကုလားရွာများနှင့် ထိစပ်ပြီး အန္တရာယ်ရှိနိုင်သောနေရာများ၊ တိုးချဲ ဘင်္ဂလီနေအိမ်အနေအထားများ၊ ၂၀၁၂ ပြဿနာတုန်းက ရခိုင်လူနေအိမ်များအား မီးရှို့ခံခဲ့ရသော နေရာဖြစ်သည့် ဝက်သတ်ကုန်းရခိုင်ကျေးရွာ စသည့်နေရာအနေအထားများအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချလူးအောင် / DMG
ဓာတ်ပုံ - ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency
မောင်တောမြို့ လုံခြုံရေးအတွက် အတွင်းစည်း၊ အပြင်စည်းများအား တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေဟုဆို မောင်တောမြို့ လုံခြုံရေးအတွက် အတွင်းစည်း၊ အပြင်စည်းများအား တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေဟုဆို Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.