တနိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့် ခန္တီးမြို့သို့ ထပ်ရောက်


တနိုင်းမြို့နယ်ကနေ စစ်ဘေးရှောင်ပြည်သူ ၃၀၀ လောက် ခန္တီးမြို့ကို ဒီနေ့(ဇွန်လ ၁၅ရက်) ညနေ လေးနာရီခွဲလောက်မှာ ထပ်ရောက်လာပါတယ်။

ဒီလ ၁၃ ရက် နဲ့ ၁၄ ရက်ကလည်း စစ်ဘေးရှောင် ပြည်သူ ၈၀၀ လောက် ခန္တီးကိုရောက်လာပါတယ်။

''နောက်ထပ်လဲ ဆက်ရောက်ဦးမယ် ။ လူတွေ အများကြီး ကျန်သေးတယ်'' လို့ ခန္တီးဒေသခံ ကိုအောင်မျိုးက မုံရွာဂေဇက်ကို ပြောပါတယ်။

တနိုင်းကနေ ခန္တီးကို ချင်းတွင်းရေကြောင်းကသာ သွားလာလို့ရပြီး စက်လှေတစ်စီးမှာ လူ ၃၀၀ ကျော် လောက် ပါတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်လာတဲ့သူတွေထဲမှာ ကျောင်းသား ၂၀၀ လောက်ပါတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မကြီးပိုး
Monywa Gazette
https://www.facebook.com/monywagazette/
တနိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့် ခန္တီးမြို့သို့ ထပ်ရောက် တနိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့် ခန္တီးမြို့သို့ ထပ်ရောက် Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.