ပုသိမ်မြို့တွင် ဆိုင်ကယ်စီးနင်းလာသော AGTI ကျောင်းသူ (၂) ဦးထံမှ ဆိုင်ကယ်ဖြင့် ယှဉ်လျက် ပိုက်ဆံအိတ်ဆွဲယူသူများအား ဖမ်းဆီးရမိ


(၁၅.၆.၂၀၁၇) ရက်နေ့ နေလည် (၂) နာရီအချိန် ပုသိမ်မြို့ရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့ပေါ်တွင် ခိုးဆိုးနှိုက်သတင်းများ စုံစမ်းနေစဉ် ပုသိမ်မြို့မဈေးအနီးတွင် လူငယ် (၂) ဦးမှာ ဖုန်းများကို လိုက်လံရောင်းချနေကြောင်း သတင်းရသဖြင့် သက်သေများဖြင့် သွားရောက်ရှာဖွေခဲ့ရာ ထိုလူငယ် (၂) ဦးအား ဈေးအနီး ကုန်သည်လမ်းပေါ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။


ထိုလူငယ် (၂) ဦးမှာ ဂျွန်ကို (ခ) ဂျင်ကို ၂၅ နှစ် (ဘ) ဦးတင်ကိုဝင်း (၆) ရပ်ကွက် ချောင်းသာမြို့နှင့် မင်းကိုဦး ၂၅ နှစ် (ဘ) ဦးဌေးဝင်း အမှတ် (၆) ရပ်ကွက် ချောင်းသာမြိုနေသူတို့ ဖြစ်ပြီး ၄င်းတို့ထံမှ ဆင်းကဒ်ထည့်ထားခြင်းမရှိသော SAMSUNG Note 3 ဖုန်းနှင့် Vivo Y 21 ဖုန်းတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။


စစ်ဆေးမှုအရ ၄င်းတို့ (၂) ဦးသည် (၁၄.၆.၂၀၁၇) ရက်နေ့ည (၈) နာရီကျော်ခန့်က ချောင်းသာမှ ပုသိမ်သို့ နံပါတ် တပ်ဆင်ထားခြင်းမရှိသော MSX ဆိုင်ကယ်ဖြင့် တက်လာခဲ့ ပြီး ပုသိမ်မြို့ တောင်ပေါ်လမ်း တက္ကသိုလ်ရှေ့တွင် ဆိုင်ကယ်ဖြင့် သွားနေသော အမျိုးသမီးငယ် (၂) ဦးအနက် တစ်ဦး လွယ်ထားသော အိတ်အား ဆွဲယူခိုးပြေးပြီး အတွင်း၌ ပါသော ဖုန်းအား နောက်တစ်နေ့တွင် လိုက်လံရောင်းချစဉ် ဖမ်းဆီးခံခဲ့ရကြောင်းနှင့် ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သော ဆိုင်ကယ်အား ကွင်းယားကုန်းရွာတွင် သိမ်းဆီးရမိခဲ့ပါသည်။


ပစ္စည်းပျောက်ဆုံးသော အမျိုးသမီးငယ် (၂) ဦးအား လိုက်လံ စုံစမ်းခဲ့ရာ ပုသိမ်မြို့ AGTI ကျောင်းသူ မအင်ကြင်းခင်သည် သူငယ်ချင်းဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် တောင်ပေါ်လမ်းသို့သွားနေစဉ် ပိုက်ဆံအိတ် ဆွဲယူခံရသည်မှာ မှန်ကန်ကြောင်းနှင့် တရားခံများထံမှ တွေ့ရသော SAMSUNG Note 3 မှာ ၄င်းဖုန်းဖြစ်ကြောင်း အတည်ပြုစုံစမ်းနိုင်ခဲ့ပါသည်။

Zaw Min Tun
ပုသိမ်မြို့တွင် ဆိုင်ကယ်စီးနင်းလာသော AGTI ကျောင်းသူ (၂) ဦးထံမှ ဆိုင်ကယ်ဖြင့် ယှဉ်လျက် ပိုက်ဆံအိတ်ဆွဲယူသူများအား ဖမ်းဆီးရမိ ပုသိမ်မြို့တွင် ဆိုင်ကယ်စီးနင်းလာသော AGTI ကျောင်းသူ (၂) ဦးထံမှ ဆိုင်ကယ်ဖြင့် ယှဉ်လျက် ပိုက်ဆံအိတ်ဆွဲယူသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.