ငါးနှစ်သမီးကို စိတ်ဖောက်ပြန်နေသည့် ၁၉ နှစ်သမီးက သတ်မှု ဖြစ်ပွား


အင်္ဂပူ ဇွန် ၃ဝ

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့စခန်းအပိုင် ကညွတ်ကွင်း ကျေးရွာအုပ်စု ဝါဘိုကျေးရွာတွင် အသက် ငါးနှစ်အရွယ် မိန်ကလေး ငယ်ကို ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးကသတ်မှု ဇွန် ၂၈ ရက် မွန်းလွဲ ၃ နာရီက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်ဇော်မင်း ထွန်းက ''ဟုတ်ပါတယ်။ မနေ့က ညနေပိုင်းကဖြစ်တာပါ။ သေဆုံး သွားတာက ငါးနှစ်အရွယ် မနှင်း နှင်းဝေဖြစ်ပါတယ်။ သတ်တာက မသဇင်(၁၉နှစ်) ဖြစ်ပါတယ်။ သတ်တဲ့ကောင်မလေးက ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောပြချက်အရ တော့ သူက လွန်ခဲ့တဲ့သုံးလ လောက်ကတည်းက စိတ်ဖောက် ပြန်နေတယ်လို့တော့ ပြောထားပါ တယ်။ ခု သူက သူ့ကိုယ်သူ ခဲချွန် ဓားနဲ့လှီးထားတဲ့အတွက် ဒဏ်ရာ ပေါင်းကတော့ မရေတွက်နိုင်ပါ ဘူး။ ခုကွင်းကောက် တိုက်နယ် ပြည်သူ့ဆေးရုံတင်ပြီး ကုသနေ တယ်။ တစ်စုံတစ်ရာ ဘာမှတော့ မေးလို့မရပါဘူး။ ဆရာဝန်ရဲ့ ညွှန် ကြားချက်အပေါ်မူတည်ပြီး ဆက်ပြီး လုပ်ရမှာပါပဲ။ ရန်ကုန်စိတ်ရောဂါ ကုဆေးရုံတော့ ပို့ရလိမ့်မယ်ထင် ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်များကို ကွင်း ကောက်စခန်းမှူး ရဲအုပ်ဇော်မင်း ထွန်းက တရားလိုပြုလုပ်ပြီး အမှု ဖြစ်စဉ်အမှတ် (ပ)၈၅ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု ဖြင့်အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

အောင်ထူးမြတ်ပိုင်
The Union Daily
https://www.facebook.com/uniondaily.net
ငါးနှစ်သမီးကို စိတ်ဖောက်ပြန်နေသည့် ၁၉ နှစ်သမီးက သတ်မှု ဖြစ်ပွား ငါးနှစ်သမီးကို စိတ်ဖောက်ပြန်နေသည့် ၁၉ နှစ်သမီးက သတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.