လန်ဒန်၌ အမျိုးသားတစ်ဦးသေဆုံးခဲ့ရမှုအပေါ် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ အကြား အဓိကရုဏ်းဖြစ်ပွား
လန်ဒန်မြို့ ၌ လူငယ်တစ်ဦးသေဆုံးမှုအား ကန့် ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ က ပိတ်ဆို့ တားဆီးနေစဉ်(ဓာတ်ပုံ-အင်တာနက်)
    လန်ဒန် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
    အင်္ဂလန်နိုင်ငံလန်ဒန်မြို့ ရှိ မီးပွိုင့်တစ်ခု၌ အမျိုးသားတစ်ဦးသေဆုံးခဲ့ရခြင်း အပေါ် ကန့် ကွက်ဆန္ဒပြကြသူများ နှင့်ရဲတပ်ဖွဲ့ အကြား အဓိကရုဏ်းမှု ဖြစ်ပွားခဲ့ကြောင်း Sky ရုပ်သံလိုင်းက ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
လန်ဒန်မြို့ အရှေ့ ပိုင်း Newham ရှိ မီးပွိုင့်ထိပ်၌ ယာဉ်ထိန်းရဲအရာရှိများ၏ ရက်စက်စွာ ရိုက်နှက်မှုကြောင့် ကားသမား Edir Frederico Da Costa သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက စွပ်စွဲ ပြောကြားထားသည်။
အသက် ၂၅ နှစ်အရွယ် Da Costa အားရဲတပ်ဖွဲ့ ဝင်များက CS ဂါတ်စ်ငွေ့ အရည်ဖြင့် ပက်ဖြန်းခဲ့ကြောင်း ၊ ယင်းနောက် ၄င်းအားဆေးရုံသို့ တင်ပို့ ပေးခဲ့သော်လည်း  အခြေအနေမှာ ဆိုးရွားခဲ့ပြီး ၆ ရက်အကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ယုံကြည်နေသည်။Da Costa သည် ၄င်း၏ကားအား ရဲတပ်ဖွဲ့ ဝင်များက မီးပွိုင်၌ တားမြစ်ဖမ်းဆီးခဲ့ပြီးနောက် ၆ ရက်အကြာ ဇွန်လ ၂၁ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
လန်ဒန်၌ အမျိုးသားတစ်ဦးသေဆုံးခဲ့ရမှုအပေါ် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ အကြား အဓိကရုဏ်းဖြစ်ပွား လန်ဒန်၌ အမျိုးသားတစ်ဦးသေဆုံးခဲ့ရမှုအပေါ် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ အကြား အဓိကရုဏ်းဖြစ်ပွား Reviewed by THITHTOOLWIN on 10:41 Rating: 5
Powered by Blogger.