မော်လမြိုင်တက္ကသိုလ်နယ်မြေ တောင်ဝိုင်းတို့၌ အတွဲများထံမှ လုယက်ခိုးယူနေသည့် ဂိုဏ်းချုပ်တစ်ဦး ဖမ်းမိ

မော်လမြိုင်တက္ကသိုလ်နယ်မြေ တောင်ဝိုင်းတို့၌ အတွဲများထံမှ လုယက်ခိုးယူနေသည့် ဂိုဏ်းချုပ်တစ်ဦး ဖမ်းမိ စစ်ဆေးချက်အရ ဆိုင်ကယ် ၆ စီးထပ်မံပေါ်ပေါက်ထား

မော်လမြိုင် တက္ကသိုလ် တောင်ဝိုင်း၌ အတွဲများထံမှ ရွှေငွေပစ္စည်းများ လုယက်သည့် သူခိုးဂိုဏ်းချုပ်တစ်ဦးကို ဇွန်လ ၂၅ ရက်နေ့ ညဦးပိုင်းက မော်လမြိုင်ခရိုင်မှုခင်း နှိမ်နင်းရေး ရဲအုပ်ဇော်ဝင်းအောင် ဦးစီးသောတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပါသည်။


 ၎င်းသူခိုးဂိုဏ်းချုပ်နေထိုင်ရာ နေအိမ်လိုင်းခန်းအတွင်းမှ ငွေ သိန်း(၁၆၀)နှင့် ရွှေဘောင်ချာ အရွက် ၂၀ မော်တော်ဆိုင်ကယ်နှစ်စီးနှင့် အခြားသက်သေခံပစ္စည်း တို့ကို သိမ်းဆည်းရမိခဲ့ပြီး မုပွန်နယ် မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျန်ရှိနေသည့် ကျူးလွန်သူများ လိုက်လံဖမ်းဆီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Khin Maung
မော်လမြိုင်တက္ကသိုလ်နယ်မြေ တောင်ဝိုင်းတို့၌ အတွဲများထံမှ လုယက်ခိုးယူနေသည့် ဂိုဏ်းချုပ်တစ်ဦး ဖမ်းမိ မော်လမြိုင်တက္ကသိုလ်နယ်မြေ တောင်ဝိုင်းတို့၌ အတွဲများထံမှ လုယက်ခိုးယူနေသည့် ဂိုဏ်းချုပ်တစ်ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.