မြန်မာဘဏ်စာရင်းများ ပြန်ဖွင့်ပေးရန် မူဆယ်မြို့၌ ဆန္ဒဖော်ထုတ်


ရန်ကုန် ဇွန် ၂၃

တရုတ်နိုင်ငံရှိ ဘဏ်များ၌ မြန်မာကုန်သည်တချို့၏ ဘဏ် စာရင်းများကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးရန် တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့၌ ယနေ့နံနက် ပိုင်းက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ ကြသည်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်ရှိ ပဲ၊ပြောင်း၊ နှမ်းနှင့် လယ် ယာထွက်ကုန်ပစ္စည်းကုန်စည်ဒိုင် မှဦးဆောင်ဆန္ဒပြခဲ့သည်။ မူဆယ် မြို့ ရွှေသမင်ဘုန်းကြီးကျောင်းရှေ့ တွင်စုရပ်သတ်မှတ်၍ပြည်ထောင်စု လမ်းမကြီးမှ မြန်မာ-တရုတ် နှစ်နိုင်ငံဝင်ထွက် ဂိတ်အထိ ဦးရေ ၂ဝဝ ခန့်လမ်း လျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် 'ဆွေ မျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ဘယ်မှာလဲ'၊ 'မတရားထိန်းထား သောအကောင့်များ ချက်ချင်းပြန် ဖွင့်'၊'ငါတို့ကို အသက်ရှင်ခွင့်ပေး' စသည့်ပိုစတာများကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။

ယမန်နေ့က မြန်မာဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Yang Shouzheng နှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးချုပ်အောင်ဌေးမြင့်နှင့်တွေ့ဆုံခဲ့ သည်။ထိုသို့တွေ့ဆုံရာတွင် တရုတ် နိုင်ငံ၌ ဘဏ်စာရင်းများ ပိတ်သိမ်းခဲ့ မှုနှင့်ပတ်သက်၍သံမှူး Mr. Yang Shouzheng က တရုတ်ဘက်က အွန်လိုင်းလောင်းကစားမှုများအား စုံစမ်းစစ်ဆေးသည့်အခြေအနေကို အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့၌ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီ တာဝန်ခံ Mr. Chen Chen နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့သည်။

သည်ခေတ်လူ
The Union Daily
https://www.facebook.com/uniondaily.net

မြန်မာဘဏ်စာရင်းများ ပြန်ဖွင့်ပေးရန် မူဆယ်မြို့၌ ဆန္ဒဖော်ထုတ် မြန်မာဘဏ်စာရင်းများ ပြန်ဖွင့်ပေးရန် မူဆယ်မြို့၌ ဆန္ဒဖော်ထုတ် Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.