အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ဖွဲ့ဖို့ ရှိတယ်လို့ပြော

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်း ကို ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/RFA
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားရကျေနပ်မှု မရှိကြောင်းနဲ့ အသစ်ပြန် ဖွဲ့ဖို့ ရည်ရွယ်ချက်ရှိကြောင်း အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်း က ပြောပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေး အပြီးမှာ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်း က အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အခုလိုပြောတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က အဖွဲ့ဝင် ၁၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းက ဥက္ကဌအဖြစ် ဆောင်ရွက်နေတာပါ။

ဒီကနေ့ အမျိုသားလွှတ်တော်အစည်းအဝေးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယ အကြိမ်မြောက် ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့ပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေထဲမှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ အသက် ၇၀ ထက် မကျော်လွန်သူဖြစ်ရမယ် ဆိုတဲ့ ပြဌာန်းချက်ကို အသက် ၇၅ နှစ် အထိ တိုးမြှင့်ပြင်ဆင်သတ်မှတ်ဖို့အတွက် အဲဒီ ဥပဒေကြမ်းမှာ ပြင်ဆင်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ဖွဲ့ဖို့ ရှိတယ်လို့ပြော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ဖွဲ့ဖို့ ရှိတယ်လို့ပြော Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.