ရွှေပြည်သာမြို့နယ်တွင် မယားပါသားမှ ဓားဖြင့်ထိုးရာ ပထွေးဖြစ်သူ သေဆုံးမှုဖြစ်ပွား


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ် ကွက် ဘုရင့်နောင်လမ်းသွယ် အိမ်အမှတ်(၇၅၈)တွင်  ဇွန်လ ၂၉ ရက်နေ့ ည(၈)နာရီ အချိန်ခန့်က မယားပါသားမှ ဓားဖြင့်ထိုးရာ ပထွေးဖြစ်သူ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

အဆိုပါအမှုအား ရွှေပြည်သာမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်သန်းတိုးအောင် နှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ သီဟအောင်(၂၈)နှစ်(ဘ)ဦးအောင်ကြည် အမှတ်(၁၈)ရပ် ကွက် ဘုရင့်နောင်လမ်းသွယ် အိမ်အမှတ်(၇၅၈)နေထိုင်သူသည် ၎င်း၏မယားပါသားဖြစ်သော ဝေယံထွန်း(၁၆)နှစ် (ဘ)ဦးစိုးနိုင်ထွန်း အမှတ်(၁၈)ရပ်ကွက် သမာဓိလမ်းသွယ် အမှတ် ၈၀၀(က) နေထိုင်သူနှင့် စကားများရာမှ မယားပါသားဖြစ်သူ ဝေယံထွန်းမှ ဓားဖြင့်ထိုးရာ ပထွေးဖြစ်သူသီဟအောင် မှာ ဝမ်းဗိုက်တွင်း ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိသဖြင့် မေတ္တာရောင်ခြည် ကျန်းမာရေးကူညီစောင့်ရှောက်ရေး အသင်းမှကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိပါသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ ရွှေပြည်သာမြို့မရဲစခန်းမှဒုရဲအုပ် သန်းတိုးအောင်မှ တရားလိုပြု၍တိုင်ကြားရာ မြို့မရဲစခန်းမှ(ပ)၁၅၅၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး အမှုစစ်အဖြစ် မြို့မစခန်းမှူး ဒုရဲမှူးခင်ဇော် မှဆောင်ရွက်ကာ တိမ်းရှောင်ထွက်ပြေးနေသော ဝေယံထွန်းအား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA)
ရှုထောင့်မှုခင်းနှင့်သတင်းအဖွဲ့(SH)
ရွှေပြည်သာမြို့နယ်ရုံး
ရွှေပြည်သာမြို့နယ်တွင် မယားပါသားမှ ဓားဖြင့်ထိုးရာ ပထွေးဖြစ်သူ သေဆုံးမှုဖြစ်ပွား  ရွှေပြည်သာမြို့နယ်တွင် မယားပါသားမှ ဓားဖြင့်ထိုးရာ ပထွေးဖြစ်သူ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.