ယင်းမာပင်-ပုလဲသွားကားလမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ
နေပြည်တော်၊ မေ ၁၇

၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ ယင်းမာပင်-ပုလဲသွားကားလမ်း မိုင်တိုင်အမှတ်(၂၀/၂-၃)ကြားတွင် ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါလမ်းအတိုင်း ယင်းမာပင်မြို့နယ်၊ ညောင်ပင် ကြီးစုကျေးရွာနေ နေလင်း(၃၂)နှစ်မောင်းနှင်လာသော 7M/×××× KIA BONGO ယာဉ်သည် အုတ်ခဲများတင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ယင်းမာပင်မြို့နယ်၊ တဲကုန်းရွာနေ ဦးသန်းဝင်း(၆၀)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ မတင်မာအေး(၃၀)နှစ်ပါ(၅)ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း နေလင်း အား ယင်းမာပင်မြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ယင်းမာပင်-ပုလဲသွားကားလမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ ယင်းမာပင်-ပုလဲသွားကားလမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.