နမ့်စီဘွန်ဒေသ (ပုဒ်မ၁၄၃)ထုတ်ပြန်ပြီးနောက် ပဋိပက္ခဖြစ်ပွား

တရားဥပဒေစိုးမိုးရေးပြဿနာ၏ ပြကွက်တစ်ခု (သို့မဟုတ်) နမ့်စီဘွန်ဒေသ
(၁၇.၅.၂၀၁၇)

နမ့်စီဘွန်ဒေသ မကျန်ခကျောက်စိမ်းလုပ်ကွက်၌ ယနေ့နံနက်(၁၇.၅.၂၀၁၇) ၈နာရီခွဲခန့်အချိန်တွင် ရေမဆေးကျောက်ရှာသူများနှင့် လုံခြုံရေးတာဝန်ရယူထားသူများအကြား ရုံးရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ဖြစ်စဉ်အကျဉ်းမှာ တရားဥပဒေစိုးမိုးရေး၊တရာမျှတမှုရှိရေးနှင့် ကုမ္ပဏီနှင့်ရေမဆေးကျောက်ရှာသူများအကြား ပဋိပက္ခဖြစ်ပွားမှုကို ဖြေရှင်းရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြေညာချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး၏ မေ(၃၀)ရက်နေ့နောက်ဆုံးထား၍
● ရေမဆေးကျောက်ရှာဖွေသူများ ထွက်ခွာရန်(ယာယီကာလသာဖြစ်)
● ကုမ္ပဏီများ၏ကျောက်တူးဖော်မှုများ ရပ်ဆိုင်းထားရန်(ယာယီကာလသာဖြစ်) ဆိုသောအချက်များအကောင်အထည်ဖော်ရန် ဒေသန္တရတားမြစ်မိန့်  (ပုဒ်မ၁၄၃)ထုတ်ပြန်ကြေညာချက်ထွက်ပြီးနောက်ပိုင်း (၁၆.၅.၂၀၁၇) မှစတင်၍ ရေမဆေးကျောက်ရှာသူ(၃၀၀)ခန့်က မကျန်ခမှော်ရှိ မြန်မာ့အင်ပီရီရယ်လ်ဂျိတ်လုပ်ကွက်၏ ခြံစည်းရိုးများကိုဖျက်ဆီးဝင်ရောက်လာကြပြီး လုံခြုံရေးတာဝန်ယူရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရပါသည်။


ယနေ့(၁၇.၅.၂၀၁၇)နံနက် ၈နာရီခွဲအချိန်တွင် ရေးမဆေးကျောက်ရှာသူ(၉၀၀)ခန့်အထိရှိသော လူအုပ်စုကြီးသည် တဖန်ပြန်လည်ရောက်ရှိလာရာ လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်းနှင့် မြန်မာ့အင်ပီရီရယ်ဂျိတ်ကုမ္ပဏီ(ယခင်ဦးပိုင်)၏ ဆီသိုလှောင်ကန်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသအာဏာပိုင်များ၏ပြောပြချက်အရသိရပါသည်။
မကျန်ခ ရုံးရင်းဆန်ခတ်ဖြစ်မှုတွင် ရဲတပ်ဖွဲ့ဝင်(၉)ဦးနှင့် ရေမဆေးကျောက်ရှာသူ(၅)ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းပေးပို့မှုအရသိရှိရပါသည်။


အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာအာဏာပိုင်များအဆိုအရ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နောက်ကွယ်မှခြေထိုးနေသူများရှိကြောင်း၊ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဟုလည်းသိရပါသည်။

ဖေ့စ်ဘုတ်လူမှုစာမျက်နှာတွင် မကျန်ခရုံးရင်းဆန်ခတ်ဖြစ်မှုနှင့်ပတ်သက်ပြီး သေဆုံးသူအချို့ရှိကြောင်း ရေးသားချက်များလည်းတွေ့ရှိရပါသည်။ ထို့အပြင် ယခုဖြစ်စဉ်တွင် မရိုးမသားလုပ်ဆောင်မှုများရှိနေကြောင်း စစ်ကိုင်းတိုင်းအစိုးရကို အခက်အခဲဖြစ်အောင်လုပ်ဆောင်နေကြောင်း ဖော်ပြရေးသားကြသည်ကိုလည်းတွေ့ရှိရပါသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊တရားမျှတမှုရှိရေးနှင့် ရေမဆေးပြဿနာများဖြေရှင်းရန် ကြေညာထားသော လုပ်ငန်းစဉ်(၄)ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်လို့သိရပါသည်။

REF: Sagaing Regional lnformation Page
နမ့်စီဘွန်ဒေသ (ပုဒ်မ၁၄၃)ထုတ်ပြန်ပြီးနောက် ပဋိပက္ခဖြစ်ပွား နမ့်စီဘွန်ဒေသ (ပုဒ်မ၁၄၃)ထုတ်ပြန်ပြီးနောက် ပဋိပက္ခဖြစ်ပွား Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.