ဒီးမော့ဆိုမြို့ နယ်တွင် ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား


ဒီးမော့ဆို မေ ၂၆

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ စက်မှုလယ်ယာစခန်းအနီး လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမပေါ်တွင် မေ ၂၆ ရက် မွန်းလွှဲ ၃ နာရီခန့် က ကာပရင်တာ ဆီယိုစိမ့်ပြီး အင်ဂျင်ပေါ်သို့ ကျရာမှ ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၆ ရက် မွန်းလွှဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဒုရဲအုပ် သူရကျော် တာဝန်မှူး ဆောင်ရွက်နေစဉ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ စက်မှုလယ်ယာစခန်းအနီး လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမပေါ်တွင် (KENBO 125) အမျိုးအစားဆိုင်ကယ် တစ်စီး မီးလောင်နေကြောင်း ဖုန်းသတင်းအရ ငွေတောင်နယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီးဖြင့် သွားရောက် ငြိမ်းသတ်ရာ ၃ နာရီ ၁၈ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်အတွင်း ယာဉ်မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဒီးမော့ဆိုမြို့မ ရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆို (ပြန်/ဆက်)
ဒီးမော့ဆိုမြို့ နယ်တွင် ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား ဒီးမော့ဆိုမြို့ နယ်တွင် ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 02:04 Rating: 5
Powered by Blogger.