ဟိုက်ဂျက်ယာဉ် အမိုးကိုင်းပြုတ်ထွက် တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်ကို ၀င်တိုက်


ရေး မေ ၂၅

မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာအပိုင် ရေး ထားဝယ်ကားလမ်း တနင်္သာရီလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၁/၆ ) နှင့်( ၁၀၂/၀) အကြားလမ်းမတွင် မေ၂၅ရက်နေ့ မနက်ကဟိုက်ဂျက်ကားနဲ့ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်ယဉ်မောင်းသူနဲ့ နောက်မှလိုက်ပါစီးနင်းသူ အမျိုးသမီး၂ဦး သေဆုံးခဲ့တယ်လို ရေးမြို့မရဲစခန်းထံမှ သိရသည်။

ရေးမြို့ဘက်မှ ကလော့ကျေးရွာဘက်သို့  မောင်းနှင်လာသော ယာဉ်မောင်းစောမွန် မောင်းနှင်းသော ဟိုက်ဂျက်ကားယာဉ်မှာ မောင်းနှင်လာစဉ်အမိုးကိုင်းပြုတ်ထွက်ပြီး ကလော့ကျေးရွာဘက်သို့ ရေးမြို့ဘက်သို့ ယာဉ်လမ်းကြောအမှန် မောင်းနှင်လာသော Deram 125 ဆိုင်ကယ်မောင်းနင်သူ မသီမွန် နှင့်နောက်မှ လိုက်ပါစီးနင်းသူ ဒေါ်ကြည်ဝင်းတို့မှာ ဆိုင်ကယ်ပေါ်မှ လွင့်စင်ကျသွားပြီး ရ ရှိထားသောဒဏ်ရာများဖြင့်ပွဲချင်းပြီး သေဆုံးခဲ့၍ ယာဉ်မောင်း စောမွန်မှာလည်းဒဏ်ရာရ ရှိခဲ့တယ်လို့ ရေးမြို့မရဲစခန်းမှ ဒုရဲအုပ် ညွှန့်ဝင်းအောင်က ပြောသည်။

 ဖြစ်စဉ်များနဲ့ပက်သက်၍ ယာဉ်မောင်းစောမွန်အား ရေးမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားရှိကြောင်းသိရသည်။

နေမျိုးထွဋ် (ရေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဟိုက်ဂျက်ယာဉ် အမိုးကိုင်းပြုတ်ထွက် တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်ကို ၀င်တိုက် ဟိုက်ဂျက်ယာဉ် အမိုးကိုင်းပြုတ်ထွက် တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်ကို ၀င်တိုက် Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.