ရွှေဘိုမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီး မီးလောင်မှု ကျပ်သိန်း နှစ်ရာကျော်ဆုံးရှုံး


ရွှေဘို မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဥယျာဉ်တော်ကျေးရွာ အနီး အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်တွင် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်က မီးမတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့ ဥယျာဉ်တော်ကျေးရွာတံတားအနီး မြတ်မွန်စက်သုံးဆီအရောင်းဆိုင်တွင် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်က ဆီဘောက်ဆာကားဖြင့် စက်သုံးဆီများဆိုင်သို့ချရာမှ ပွတ်တိုက်မှုဖြစ်ပြီး မီးစတင်လောင်ကျွမ်းကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ပေ (၂ဝx၃ဝ) ရှိ သွပ်မိုးမြေစိုက် ဆီသိုလှောင်ရုံတစ်လုံး၊ ပေ (၂ဝx၃ဝ)ရှိ သွပ်မိုးမြေစိုက် နေအိမ် တစ်လုံး၊ ပေ(၅ဝx၃ဝ) ရှိ သွပ်မိုးထရံကာဂိုဒေါင်တစ်လုံး၊ စက်သုံး ဆီပီပါအလုံး ၂ဝ၊ ကြက်စာအိတ်အလုံး ၂ဝဝ၊ ကုန်ကြမ်းပြောင်း တင်း ၁၅ဝဝ နှင့် ငါးပေါင်းအိတ်တစ်တန်တို့ မီးလောင်ဆုံရှုံးခဲ့ရာ စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၁၆ဝဝဝဝဝ ခန့် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဦးကျော်မြင့်ခိုင်ကို ရွှေဘို မြို့မရဲစခန်းတွင် (ပ)၃ဝ၄/ ၂ဝ၁၇ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရိန်(ဥပဒေ)
The Union Daily
https://www.facebook.com/uniondaily.net/
ရွှေဘိုမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီး မီးလောင်မှု ကျပ်သိန်း နှစ်ရာကျော်ဆုံးရှုံး ရွှေဘိုမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီး မီးလောင်မှု ကျပ်သိန်း နှစ်ရာကျော်ဆုံးရှုံး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.