မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ်

 လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့ တောင်ကိုရီးယား သမ္မတသစ် တောင်းဆို
မြောက်ကိုရီးယားက အမျိုးအစား မခွဲနိုင်တဲ့ မစ်ဆိုင်းဒုံးတစင်းကို နိုင်ငံ အရှေ့ကမ်းရိုးတန်း ဝန်စန်း ဒေသကနေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ဆိုပါတယ်။

ကျွန်းဆွယ် တင်းမာမှုတွေ မြင့်တက်နေလို့ နိုင်ငံ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့လည်း တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင်း က တောင်းဆို ထားပါတယ်။

တာလတ်ပစ် မစ်ဆိုင်းဒုံးတစင်းကို ဂျပန် ပင်လယ်ထဲ ကီလိုမီတာ ၅ဝဝ လောက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့လည်း အရင်ပတ်ကပဲ မြောက်ကိုရီးယား ဘက်က အတည်ပြုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ် မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ် Reviewed by THITHTOOLWIN on 06:32 Rating: 5
Powered by Blogger.