ဗြိတိန်ဗုံးခွဲမှု သံသယရှိသူ ၁၄ ဦး ဖမ်းဆီးထား

မန်ချက်စတာမြို့ရှိ လုံခြုံရေးရဲ
ပြီးခဲ့တဲ့သီတင်းပတ်က လူ ၂၂ ဦးသေဆုံးခဲ့တဲ့ မန်ချက်စတာ ဗုံးခွဲမှု နဲ့ဆက်စပ်ပြီး အသက် ၁၉ နှစ်အရွယ် အမျိုးသား တဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အခုဆိုရင် ဗြိတိန်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသူ ၁၃ ဦးရှိပါပြီ။

မန်ချက်စတာမြို့ရဲ့ Gorton အရပ်မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းက ဝင်ရောက်စီးနင်းချိန်အတွင်း အကြမ်းဖက်မှု ကျူးလွန် မယ်လို့ သံသယရှိသူကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း မန်ချက်စတာ ရဲချုပ် က ကြေညာချက်တခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာလည်း အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သူနေအိမ်ဝင်းကိုပါ ရှာဖွေစစ်ဆေးခဲ့ပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးတဦးနဲ့ ဆယ်ကျော်သက်လူငယ်တဦးကိုတော့ တရားစွဲဆိုခြင်းမရှိဘဲ ပြန်လွှတ် ပေးလိုက်ပါတယ်။ Abedi ရဲ့ အကိုနဲ့အဖေတို့လည်း လစ်ဗျားနိုင်ငံထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အကိုဖြစ်သူ Hashim ဟာ Abedi ရဲ့ တိုက်ခိုက်ရေးအစီအစဉ်ကို သူသိနေခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ဗုံးခွဲမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေကိုတော့ နောက်ထပ် တိုက်ခိုက်မှုဖြစ်နိုင်ခြေ အမြင့်ဆုံးအနေအထား critical အဆင့်ကနေ - တိုက်ခိုက်နိုင်ခြေမြင့်မားဆဲ severe အဆင့်ကို လျှော့ချလိုက်ကြောင်း ဝန်ကြီးချုပ် Theresa May က စနေနေ့မှာ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဗြိတိန်ဗုံးခွဲမှု သံသယရှိသူ ၁၄ ဦး ဖမ်းဆီးထား ဗြိတိန်ဗုံးခွဲမှု သံသယရှိသူ ၁၄ ဦး ဖမ်းဆီးထား Reviewed by THITHTOOLWIN on 06:32 Rating: 5
Powered by Blogger.