25-5-2017
ကချင်ပြည်နယ် မိုးညှင်းမြို့ သာစည်ရပ်ကွက် ဧရာဝတီဘဏ် ရှေ့၌ မေလ ၂၅ ရက်နေ့ ယနေ့ ညနေ (၂း၄၈)အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး နေရာချင်း၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရှိပါသည်။
ဖြစ်စဉ်မှာ ဧရာဝတီဘဏ်ရှေ့တွင် ရပ်ထားသော မတ်တူးမော်တော်ယာဉ်နှင့် ၄င်းမော်တော်ယာဉ်နောက်၌ ဘဏ်သို့လာရောက်သော မော်တော်ဆိုင်ကယ်တို့အား ဗီဂိုမော်တော်ယာဉ်မှဝင်ရောက်တိုက်မိသောကြောင့် ဆိုင်ကယ်မောင်းနှင့်သူ ဒေါ်ခင်မေအုန်း(သ)(၄၂)နှစ် ဘီလူးကျေးရွာနေသူမှာ ကားနှစ်စီးကြားညှပ်မိနေပြီး သေဆုံးသွားကြောင်းသိရပါသည်။
အခင်ဖြစ်ပွားရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှာလိုအပ်သည်များကိုကူညီလုပ်ဆောင်ပေးပြီး အလောင်းအား မိုးညှင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။
Nyi Nyi Myint
မိုးညှင်းမြို့ ဧရာဝတီဘဏ်ရှေ့ ၌ ယာဉ်တိုက်မှုဖြစ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီးသေဆုံး
Reviewed by THITHTOOLWIN
on
20:10
Rating: