(၁၄)နှစ်အရွယ် မယားပါ သမီးကို ကိုယ်ဝန်(၃)လရအောင် သားမယားအဖြစ် ပြုကျင့်တဲ့ ပထွေးအား ဖမ်းဆီး


ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်၊ ကမာနတ်ကျေးရွာတွင် လွန်ခဲ့သော(၄)လခန့်က ပထွေးဖြစ်သူမှ ဇနီးဘက်မှပါသော (၁၄)နှစ်အရွယ်သမီးအား သားမယား ပြုကျင့်မှုအား (၂၅.၅.၂၀၁၇) မေလ ၂၅ ရက်နေ့ မှာ အဘွားအရင်းဖြစ်သူမှ ပဲခူးမြို့မရဲစခန်းသို့ လာရောက်တိုင်ကြား ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်ကတော့ ကမာနတ်ကျေးရွာနေ အဘွားဖြစ်သူ ဒေါ်ရီ(၅၈)နှစ်သည် မြေးအရင်းဖြစ်သူ မ----(၁၄)နှစ်သည် နေအိမ်၌ အော့ကန်ပြီး ဗိုက်ပူခါးတုတ်နေ၍ မူမမှန်သဖြင့် ကိုယ်ဝန်ရှိ/မရှိ တိုင်းတာသည့် ဆီးတိုင်းတုတ်ဖြင့် တိုင်းတာခဲ့ရာ ကိုယ်ဝန်(၃)လရှိနေကြောင်း သိရှိရသဖြင့် မြေး
ဖြစ်သူ မ----အားမေးမြန်းခဲ့ရာ လွန်ခဲ့သော (၄)လခန့်က ဆော့ကစားနေစဉ် ပထွေးဖြစ်သူ ညိုမင်းခန့် (၃၇)နှစ်မှ ဆွဲခေါ်သွားပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ပြီး မိခင်ဖြစ်သူအား ပြန်လည်ပြောပြလျှင် သတ်ပစ်မည်ဟု ကြိမ်းမောင်း သွားကြောင်း သိရှိရသည်။

အဆိုပါ သားမယားပြုကျင့်မှုအား အဘွားဖြစ်သူ ဒေါ်ရီမှ စခန်းသို့ သွားရောက် တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၇၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

Ko Thant Zin
(၁၄)နှစ်အရွယ် မယားပါ သမီးကို ကိုယ်ဝန်(၃)လရအောင် သားမယားအဖြစ် ပြုကျင့်တဲ့ ပထွေးအား ဖမ်းဆီး (၁၄)နှစ်အရွယ် မယားပါ သမီးကို ကိုယ်ဝန်(၃)လရအောင် သားမယားအဖြစ် ပြုကျင့်တဲ့ ပထွေးအား ဖမ်းဆီး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.