မူးယစ်ဆေးဝါး ရောင်းချသည်ဟု အကြောင်းပြပြီး ငွေ (၁၇ )သိန်းကျပ် ငွေတောင်းယူခဲ့သည့် သစ်တော ရဲ တပ်ဖွဲ့ဝင်( ၂) ဦး နှင့် သတင်းပေး(၁)ဦးအား အမှု့ ဖွင့်အရေးယူ


 ကောလင်း မေ ၂၉

စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လည်ဘူး မြို့ နယ်တွင် မေလ( ၂၆ )ရက်နေ့ ည ၈း၃၀ နာရီ အချိန်ခန့်တွင် ပင်လည်ဘူးမြို့နယ် မြောက်ဖက် မိုင် ၂၀ ခန့်အကွာ ရှိ ဖက်သင်တာ ကျေးရွာနေ မစန်း၏ နေအိမ်သို့ သစ်တောရဲတပ်ဖွဲ့ဝင်(၂)ဦးနှင့် သတင်းပေးဆိုသူ(၁)ဦးတို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု စွပ်စွဲကာ ငွေ (၁၇ )သိန်းကျပ်အား တောင်းယူသွား ခဲ့ပါသည်။

ထိုသို့ ခြိမ်းခြောက်ငွေတောင်းယူမှု့ကို မကျေနပ်၍ ပင်လယ်ဘူးရဲစခန်းသို့ တိုင်တန်းခဲ့ပါသည်။

ခြိမ်းခြောက် ငွေတောင်းယူသွားသော အဖွဲ့အား လိုက်လံရှာဖွေရာ တောပုန်း ကျေးရွာ၌ ရဲ တပ်ကြပ်ကြီး အောင်ထွန်းဦး၊ ရဲတပ်ကြပ် ဇော်ဝင်းနဲ့ သတင်းပေး မောင်မျိုးတို့( ၃) ဦးကို တွေ့ရှိခဲ့ပြီး အဖွဲ့ခေါင်းဆောင် အောင်ထွန်းဦး လွယ်ထားသော အိတ်ထောင်အတွင်းမှ သက်သေခံ ငွေ (၁၄) သိန်း (၉)သောင်းကျပ်နဲ့အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ပါသည်။

ယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက် ငွေတောင်းယူခဲ့သည့် သစ်တောရဲ တပ်ဖွဲ့ဝင်( ၂) ဦးနှင့်သတင်းပေး ပါဝင်ကူညီခဲ့သူ( ၁) ဦးကို မယ(ပ) ၃၆/ ၁၇ ၊ မူး / စိတ်ပုဒ်မ -၁၈ (က)
ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သတင်းရရှိပါသည်။

Kawlin Newslay
https://www.facebook.com/kawlinnewslay.kawlinnewslay
မူးယစ်ဆေးဝါး ရောင်းချသည်ဟု အကြောင်းပြပြီး ငွေ (၁၇ )သိန်းကျပ် ငွေတောင်းယူခဲ့သည့် သစ်တော ရဲ တပ်ဖွဲ့ဝင်( ၂) ဦး နှင့် သတင်းပေး(၁)ဦးအား အမှု့ ဖွင့်အရေးယူ မူးယစ်ဆေးဝါး ရောင်းချသည်ဟု အကြောင်းပြပြီး ငွေ (၁၇ )သိန်းကျပ် ငွေတောင်းယူခဲ့သည့် သစ်တော ရဲ တပ်ဖွဲ့ဝင်( ၂) ဦး နှင့် သတင်းပေး(၁)ဦးအား အမှု့ ဖွင့်အရေးယူ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.