စစ်တွေလေဆိပ်၌ အမျိုးသမီး ၃ ဦး နိုင်ငံသားစိစစ်ရေးကတ်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိ


မေ ၂၈၊၂၀၁၇

မေလ ၂၇ ရက် ၁ နာရီ မိနစ် ၄၀ တွင် စစ်တွေမှ ရန်ကုန်သို့ FMI လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာနေ မရီဟာနာဘေဂွန် (၁၈) နှစ် အစ္စလာမ် (ဖ) ဦးအဒူဆလာမ်၊ မခင်မေ (ခ) ရေဇူဝမ် (၁၈)နှစ် အစ္စလာမ် (ဖ) မောင်လှ (ခ) အဒူဆူလမ်နှင့် ဒါးပိုင်ကျေးရွာနေ မကျော့ယဉ် (ခ) နူနာဟာရ် (၂၆)နှစ် အစ္စလာမ် (ဖ) မောင်စိန် (ခ) အာမီတူဆင်း တို့အား လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ကောင်တာ၌ နိုင်ငံသား စိစစ်ရေးကတ်အတု ကိုင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့သည်။

စစ်ဆေးချက်များအရ မရီဟာနာဘေဂွန်အား သက္ကယ်ပြင်ကျေးရွာနေ အာယု (စိစစ်ဆဲ)မှ ကျပ် (၂၅)သိန်းဖြင့် လည်းကောင်း၊ မခင်မေအား ကျောက်ဖြူမြို့နယ်နေ အမည်မသိလူ တစ်ဦးမှ လည်းကောင်း၊ မကျော့ယဉ်အား သက္ကယ်ပြင်ကျေးရွာနေ ကိုရ်ဘာအာလီ (စိစစ်ဆဲ)မှ ကျပ် (၂၇)သိန်းဖြင့် လည်းကောင်း မှတ်ပုံတင်ကတ်အတုများ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။

၎င်းတို့ (၃) ဦးသည် အာယုနှင့် ကိုရ်ဘာအာလီတို့ (၂)ဦးက ငှားပေးသည့် ဆိုင်ကယ် ကယ်ရီ(၃)စီး (စိစစ်ဆဲ)ဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မရီဟာနာဘေဂွန်ပါ မ(၃)ဦး (ဖမ်းမိ)အား စစ်တွေမြို့မ ရဲစခန်းမှ (လိမ်လည်မှု/စာရွက်စာတမ်းအတု) ပြုလုပ်မှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
စစ်တွေလေဆိပ်၌ အမျိုးသမီး ၃ ဦး နိုင်ငံသားစိစစ်ရေးကတ်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိ စစ်တွေလေဆိပ်၌ အမျိုးသမီး ၃ ဦး နိုင်ငံသားစိစစ်ရေးကတ်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.