ငွေဒင်္ဂါးပြားအတုတွေ လာရောက် လိမ်လည်ရောင်းချသူတွေကို ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် မှာ မေလ ၂၅ ရက်နေ့ မနေ့ကည( ၇)နာရီအချိန်ခန့်က ငွေဒင်္ဂါးတွေ လာရောက်ရောင်းချသူတွေကို သတင်းအရ ဖမ်းဆီးရမိ ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဟာရီးကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာက အရောင်းအ၀ယ်လုပ်ကိုင်နေတဲ့ အိမ်တစ်အိမ်မှာ အသင်္ကာဖွယ်ရာ အမျိုးသားလေးဦးရောက်ရှိလာပြီး ငွေဒင်္ဂါးပြားတွေ လာရောက်ရောင်းချကြောင်း သတင်းအရ တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။


 အဲဒီငွေဒင်္ဂါးပြားတွေဟာ KING EMPEROR EDWAD စာတမ်းနှင့် ကတုံးလူပုံတံဆိပ်ရိုက်နှိပ်ထားတဲ့(၁)လက်မအရွယ် အဝိုင်းပြား ငွေဒင်္ဂါး ၇၅၀ပြား ONE DOLLAR 1911 စာတမ်းနဲ့ ကုလားမတုတ်ထောက်ပုံ ရိုက်နှိပ်ထားတဲ့ အဝိုင်းပြားငွေဒင်္ဂါး (၄၀) ပြား GEORGE V KING EMPEROR စာတမ်းနဲ့ ဂျော့ဘုရင်တံဆိပ်ပါ ငွေဒင်္ဂါးပြား အဝိုင်း (၁၀)ပြားတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆက်လက်စစ်ဆေးခဲ့ရာမှာတော့ ငွေဒင်္ဂါးပြားတွေတာဟာ ကြေးပြားပေါ်မှာ တံဆိပ်အမှတ်အသားအတုတွေ ရိုက်နှိပ်ထားကာ ငွေရည်စိမ်ထားခြင်းဖြစ်ပြီး လာရောက်လိမ်လည်ရောင်းချခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းက အဲဒီအမျိုးသား(၄)ဦးကို အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

သတင်းထောက် - ဖြိုးကိုလင်း(ညောင်ဝိုင်း) (5Plus News)
https://www.facebook.com/5plusnews
ငွေဒင်္ဂါးပြားအတုတွေ လာရောက် လိမ်လည်ရောင်းချသူတွေကို ဖမ်းမိ ငွေဒင်္ဂါးပြားအတုတွေ လာရောက် လိမ်လည်ရောင်းချသူတွေကို ဖမ်းမိ Reviewed by THITHTOOLWIN on 11:44 Rating: 5
Powered by Blogger.