ရိုက်လုခံရသော အမျိုးသားကို ကြက်ခြေနီမှ ကူညီ


မန္တလေး၊ မေလ ၂၆

၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့  ည ည ၁၁း၃၀ အချိန် တွင် မန္တလေးနန်းရှေ့တိုက်တော် ဧဝရတ်ဓမ္မာရုံ မြောက်ဘက်၌ အသက် ၂၄ နှစ် ခန့် ရှိ အမျိုးသားတစ်ဦး မှာ ရိုက်နှက်ပြီး ဖုန်းလုခြင်းခံရသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။


အဆိုပါနေရာသို့  အောင်မြေသာစံကြက်ခြေနီသူနာပြုတပ်ဖွဲ့  မှ တပ်ခွဲမှူး ဦးသိန်းထွန်းအောင် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ ဝင် ၅ ဦး တို့ မှ အချိန်မီ သွားရောက်ကာ ရိုက်လုခံရသော အမျိုးသား ကို ရှေးဦးပြုစုပေးပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Credit>> ဦးသိန်းထွန်းအောင် (တပ်ခွဲမှူး၊ အောင်မြေသာစံမြို့ နယ်)
Myanmar Red Cross Society
ရိုက်လုခံရသော အမျိုးသားကို ကြက်ခြေနီမှ ကူညီ ရိုက်လုခံရသော အမျိုးသားကို ကြက်ခြေနီမှ ကူညီ Reviewed by THITHTOOLWIN on 11:48 Rating: 5
Powered by Blogger.