တိုက်ကြီးမြို့ ဖူးကြီးရေကန် အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မေတ္တာအေးကျေးရွာ ဖူးကြီးရေကန်အတွင်းမှာ မေ(၂၄) ရက် နေ့လယ်(၁)နာရီခန့်က အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးတယ်လို့ တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက် ရာအိမ်မှူး ဦးမျိုးနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။


 အဲဒီသေဆုံးသူဟာ နေအိမ်မှာ အလှူပြုလုပ်ပြီး သူငယ်ချင်း(၄)ယောက်နဲ့အတူ ဖူးကြီးရေကန်မှာ ရေသွားကူးကြရာမှာ ရေမကူးမီ ကမ်းစပ်မှာ ဘောလုံးကန် နေစဉ် ရေကန်အတွင်းကျသွားတဲ့ဘောလုံးကို ဆယ်ယူရင်း ရေနစ်သေဆုံးသွားတာဖြစ်တယ်လို့ မေတ္တာအေးကျေးရွာဒေသခံတွေရဲ့ ပြောပြပါတယ်။

 အဲဒီသေဆုံးသူကို တိုက်ကြီးမြို့မ ရဲစခန်းက ၁၄/၂၀၁၇ အရ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံမှာ စစ်ဆေးဆောင်ရွက်နေတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
တိုက်ကြီးမြို့ ဖူးကြီးရေကန် အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး တိုက်ကြီးမြို့ ဖူးကြီးရေကန် အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.