အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ဝေဟင်-မြေပြင်လေ့ကျင့် ပစ်ခတ်ခြင်း ဆောင်ရွက်စဉ် လေ့ကျင့်ရေးဗုံး ၂ လုံး မတော်တဆ ပြုတ်ကျ


နေပြည်တော် ၊ မေ - ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၂၂/၄ နေရာအနီး ဇရပ်ကုန်းစက်ပစ်ကွင်း၌ တပ်မတော်(လေ)မှ အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်သည် ဝေဟင်-မြေပြင်လေ့ကျင့်ပစ်ခတ်ခြင်း ဆောင်ရွက်စဉ် မေ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် လေယာဉ်၏ လက်နက်ပိုင်းဆိုင်ရာ လျှပ်စီးပတ်လမ်း ချို့ယွင်းမှုကြောင့် လေ့ကျင့်ရေး ဗုံး ၂ လုံး ပစ်မှတ်နေရာတစ်ဝိုက် အချိန်မတိုင်မီ မတော်တဆပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မတော်တဆပြုတ်ကျခဲ့သည့် လေ့ကျင့်ရေးဗုံးများသည် ဇရပ်ကုန်း စက်ပစ်ကွင်းအနီးရှိ နှမ်းခင်းအတွင်းသို့ ကျရောက်ခဲ့ပြီး ဖြစ်စဉ်တွင် လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ၎င်းနေရာတစ်ဝိုက်ကို တပ်မတော်(လေ)မှ ကျွမ်းကျင်ပညာရှင်များဖြင့် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ဝေဟင်-မြေပြင်လေ့ကျင့် ပစ်ခတ်ခြင်း ဆောင်ရွက်စဉ် လေ့ကျင့်ရေးဗုံး ၂ လုံး မတော်တဆ ပြုတ်ကျ အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ဝေဟင်-မြေပြင်လေ့ကျင့် ပစ်ခတ်ခြင်း ဆောင်ရွက်စဉ် လေ့ကျင့်ရေးဗုံး ၂ လုံး မတော်တဆ ပြုတ်ကျ Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.