မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်(၂၃)ခု မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်ပြေမှုရှိစေဖို့နဲ့ လုပ်ငန်းတွေ တွင်ကျယ်စွာ လုပ်ဆောင်နိုင်ဖို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၂၃ ရက်နေ့  ဒီကနေ့က စပြီးထုတ်ချေးပေးနေပြီ ဖြစ်ပါတယ်။
ဒီနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးနိုင်ဖို့ကျပ်သိန်းပေါင်း(၆၄၅၅၀၀)ကိုကနဦးခွင့်ပြုပေးထားပြီး စပါးချေးငွေကို အရင်နှစ်အတိုင်း တစ်ဧကတစ်သိန်းခွဲ ထုတ်ခြေးပေးထားတယ်လို့ မန္တလေးတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ရေးဘဏ် တိုင်းမန်နေဂျာ ဦးဝင်းမြင့်ကပြောပါတယ်။
အခြားသီးနှံကိုတော့တစ်ဧကကို ကျပ်ငါးသောင်းနှုန်း ကိုချေးပေးသွားမှာဖြစ်ပြီး အတိုးနှုန်းအဖြစ် ချေးငွေ ကျပ်(၁၀၀)အတွက် တစ်လလျှင် (၆၇)ပြားနှုန်း သတ်မှတ်ထားရာ တောင်သူတစ်ဦးကို စိုက်ဧက(၁၀)ဧကအတွက် ချေးငွေရှိနိုင်မှာဖြစ်ပါတယ်။
အရင်နှစ်ကချေးငွေထုတ်ချေးခဲ့ရာတစ်တိုင်းလုံးအတိုင်းအတာအနေနဲ့(၈၂)ရာခိုင်နှုန်းကျော်သာ ပြန်လည်ရရှိခဲ့ပြီး ပြန်လည်အပ်နှံရာမှာ ကျောက်ဆည်၊ မြစ်သား၊ ပျော်ဘွယ်၊ ရမည်သင်းမြို့နယ် စတဲ့(၁၃)မြို့နယ်မှာ ပျက်ကွက်မှုတွေရှိပြီး ရမည်းသင်းမြို့နယ် နဲ့ပျော်ဘွယ်မြို့နယ်တို့မှာ ပျက်ကွက်မှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။
သတင်း၊ဓါတ်ပုံ - ရဲရင့်မာန်(မန္တလေး)(5Plus News)
https://www.facebook.com/5plusnews/
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေး
Reviewed by THITHTOOLWIN
on
16:47
Rating: