ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားတဦး တည်ဆောက်ဆဲ ၅ ထပ်တိုက်မှ ပြုတ်ကျ သေဆုံး


မေလ ၃၁ ရက် ၂၀၁၇

ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နေ သျှမ်းအမျိုးသား တဦး က တည်ဆောက်ဆဲ ၅ ထပ်တိုက်ပေါ်မှပြုတ်ကျသဖြင့် မဟာရတ်(ဆွန်ဒေါက်) ဆေးရုံသို့ပို့ ဆောင်စဉ် သေဆုံးသွားခဲ့သည်။

မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီက ချင်းမိုင်မြို့ မယ်ကျို့မြို့နယ် ကတ်ရုမ်းချုတ်ဈေးအနီး ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း တည်ဆောက်ဆဲ ၅ ထပ်တိုက် ပေါ်မှ ပြုတ်ကျသဖြင့် ၄င်းတိုက်ဘေးရှိ ဆောက်လုပ် လက်စ ၊ အုဋ်မြစ်ချဆဲလုပ်ငန်းခွင်အတွင်းကျသွားကြောင်း၊ ၄င်းကျသွားသည့်နေရာတွင် ၃ ပေအရှည်ခန့်ရှိ ထောင်နေသော သံချောင်း များ စိုက်မိသောကြောင့် ဒဏ်ရာအပြင်းအထန်ဖြင့် ဆေးရုံ အရောက် တွင် သေဆုံးသွားကြောင်း အလုပ်သမားများအရေးဆောင်ရွက်နေသည့် MWF မှ စိုင်းဆူချတ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေ သည့် စိုင်းလိန်ခမ်းက - စိုင်းခမ်းရဲ့အလောင်းကို မေလ ၃၀ ရက်နေ့ မွန်းတည့်က လွယ်ဆကိတ်မြို့နယ်မှာရှိတဲ့ သုသာန်မှာဘဲ မီးသဂြိုဟ်လိုက်ပြီ။ အသုဘစရိတ်အပါအ၀င် သေဆုံးသူအတွက် ဆောက်လုပ်ရေးကုမဏီက လျော်ကြေးငွေ ၂၅၀၀၀၀ ဘတ် (နှစ်သိန်းခွဲ) ပေးလျော်ခဲ့တယ် - ဟု ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းမှပြုတ်ကျသေဆုံးသူ စိုင်းခမ်းအသက် ၃၁ နှစ်မှာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စု နောင်တောင်းရွာဇာတိဖြစ်ပြီး အမည်အပြည့်အစုံမှာ စိုင်းပန်းခမ်းဖြစ်သည်။ ဇနီးသည်မှာ အသက် ၂၅ နှစ်ရှိ အေးနန်း ဆိုသူဖြစ်ပြီး ၄င်းတို့တွင် ၃ နှစ်အရွယ် သမီးတဦးရှိပါသည်။

Photo by Thai News
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားတဦး တည်ဆောက်ဆဲ ၅ ထပ်တိုက်မှ ပြုတ်ကျ သေဆုံး ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားတဦး တည်ဆောက်ဆဲ ၅ ထပ်တိုက်မှ ပြုတ်ကျ သေဆုံး Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.