သဲချောင်းကျေးရွာတွင် မီးလောင်မှု တစ်ခုဖြစ်ပွား


ရခိုင်ဂေဇက်၊ မေ ၂၃

စစ်တွေမြို့နယ် သဲချောင်းကျေးရွာတွင် ယနေ့ ညနေ ၉နာရီခွဲ ဝန်းကျင်အချိန် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုတွင်ဈေးနှင့် နေအိမ်များလောင်ကျွမ်းသွားပြီး ညနေ ၁၁ နာရီအချိန်မီးငြိမ်သွားပြီဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်မှူးဦးစံရွှေထွန်းကပြောသည်။

" ၁၁ နာရီမှာ မီးငြိမ်းပါတယ်၊ ဈေးဆိုင်းခန်းတွေရောနေအိမ်အချို့လဲပါသွားပါတယ်၊ အရေ အတွက်ကကျနော်တို့လဲ ပြောလို့မရသေးဘူး မီးသတ်ကား ၄စီးနဲ့ မီးငြိမ်သက်နေပါတယ် "ဟု ဦးစံ ရွှေထွန်းကပြောသည်။

ဓါတ်ပုံ ရခိုင်ဂေဇက်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
သဲချောင်းကျေးရွာတွင် မီးလောင်မှု တစ်ခုဖြစ်ပွား သဲချောင်းကျေးရွာတွင် မီးလောင်မှု တစ်ခုဖြစ်ပွား Reviewed by THITHTOOLWIN on 03:46 Rating: 5
Powered by Blogger.