နိုင်ငံတော်သမ္မတက နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု



နိုင်ငံတော်သမ္မတ ဦးထင်ကျော် က နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၂၃ ရက်၊ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

၂၁ ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ကို နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထောင်ကျခံနေရသော နိုင်ငံသားအကျဉ်းသား ၁၈၆ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါသည်။

အလာတူ နိုင်ငံခြားသား အကျဉ်းသား ၇၃ဦးကိုလည်း ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
နိုင်ငံတော်သမ္မတက နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု နိုင်ငံတော်သမ္မတက နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု Reviewed by THITHTOOLWIN on 03:57 Rating: 5
Powered by Blogger.