ကော့သောင်းမြို့ ၊ ဘန်းကချွန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ကော့သောင်း ၊ မေ ၁၆

ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းဘေး ရွာတစ်ရွာဖြစ်သည့် ကော့သောင်းမြို့နယ် ၊ ဘန်းကချွန်ကျေးရွာ တွင်မီးလောင်မှုဖြစ်စဉ်တစ်ခု မေလ ၁၆ ရက်နေ့ နံနက် ၅နာ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ နေ့နံနက်ပိုင်းက ဘန်းကချွန်ကျေးရွာရှိ ဦးကျော်စိုး ဆိုသူ ပိုင်ဆိုင်သည့် ကွမ်းသီး အခြောက်ခံ အလုပ်ရုံတွင် အလုပ်သမားဖြစ်သူ ဦးတင်ထွန်း (၅၃)နှစ် အား ထင်းမီးဖြင့် ကွမ်းသီးများ အပူပေး အခြောက်ခံရန် တာဝန်ပေးအပ်ထားရာ ပေါ့ဆမှုကြောင့်အပူလွန်ကဲမှုဖြစ်ကာ ကွမ်းသီးများအား မီးစတင် လောင်ကျွမ်းကာ အလျား(၃၀)ပေ ၊ အနံ(၂၀)ပေ၊ အုပ်ကြွပ်မိုး ၊ သံဇကာ ကာသည့် အလုပ်ရုံ အဆောက်အဦ အမိုးသို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။


မီးလောင်ကျွမ်းမှု သတင်းရ ရခြင်း မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်မော်တော်ယာဉ် (၂)စီး ရေသယ်ယာဉ် (၂)စီး၊ မီးသတ်ဦးစီးအရာရှိပါ သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး ဖြင့် ရောက်ရှိပြီး အပေါ့စား ရေစုပ်စက်ဖြင့် ကနဦး မီးငြှိမ်းသတ်လျှက်ရှိသည့် ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအားဖြည့် ငြှိမ်းသတ်ရာ နံနက်(၀၅း၃၀)နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သဖြင့် အနီးအနားလူနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ကွမ်းသီးခြောက်များနှင့် အဆောက်အဦ အစိတ်အပိုင်းတချို့ မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရပြီး မီးပေါ့ဆမှုဖြင့် ဦးတင်ထွန်း အား မြို့နယ်ရဲတပ်ဖွဲ့စခန်း မှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၂၈၅)ပ/၇၀၃ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကော့သောင်းမြို့ ၊ ဘန်းကချွန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ကော့သောင်းမြို့ ၊ ဘန်းကချွန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.