ဘုန်းကြီးပျံပွဲ ရုပ်​ကလာပ်​တင်​စံ​ကျောင်းလှည်း ကြိတ်​မိ၍ လူငယ်​တစ်​ဦး ​သေဆုံး


ဝေါ ​မေ (၁၅)

ပဲခူးတိုင်း​ဒေသကြီး ​ဝေါမြို့ နယ်​ ကြာလဟာ​ကျေးရွာနေ လရတနာ​ဘုန်း​တော်​ကြီးကျောင်းထိုင်​ဆရာ​တော်​ သက်​​တော်​(၆၁)နှစ်​ ဝါ​တော်​(၄၁)ဝါရှိ ဘဒ္ဒန္တဉာဏိန္ဒ၏ ဈာပနအခမ်းအနား၌ ယင်းဆရာ​တော်​၏ ရုပ်​ကလာပ်​တင်​​​ဆောင်​ထားသည့် စံ​ကျောင်း​တော်​လှည်းကြိတ်​မိ၍ လူငယ်​တစ်​ဦး​သေဆုံး​ကြောင်း ​ဝေါမြို့ ခံတစ်​ဦးထံက သတင်းရရှိသည်​။


ဖြစ်​စဉ်မှာ ​မေလ (၁၃)ရက်​ ​နေ့ည​နေ(၃)နာရီ​ကျော်​အချိန်​ခန့်က ​ဝေါမြို့ သစ်​စက်​ရပ်​ကွက်​​တွင်​နေ ထိုင်​သူအသက်​ (၁၆) နှစ်​အရွယ်​ခန့်​ရှိ မောင်​ဥက္ကာ​ကျော်​ဆိုသူမှာ ဘုန်းကြီးပျံဈာပန အခမ်းအနားတွင်​ လှည်းယာဉ်​ဖြင့် ပြုလုပ်​ထား​သော ရုပ်​ကလာပ်​တင်​စံ​ကျောင်း​တော်​အား ​ကျေးရွာသူ/သားများနှင့်အတူ​ လောင်​တိုက်​သို့  ကုသိုလ်​ယူ တွန်းပို့ ဆွဲယူပို့ ဆောင်နေစဉ် ရုတ်​တရက်​ ​ခြေ​ချော်​လဲကာ ရုပ်​ကလာပ်​တင်​​ဆောင်​ထားသည့် စံ​ကျောင်း​တော်​လှည်းဘီး​အောက်​သို့ ​ရောက်​ရှိသွားပြီး ကြိတ်​မိခြင်း ဖြစ်​​ကြောင်း သိရသည်​။


အဆိုပါ ဖြစ်​စဉ်​​ကြောင့် မောင်​ဥက္ကာ​ကျော်​၏ ဝမ်းဗိုက်​တွင်​ ညိုမဲဒဏ်​ရာများ ရရှိခဲ့​ကြောင်း ​ဝေါမြို့ မရဲစခန်း၏ ရဲမှတ်​တမ်းများအရ သိရသည်​။

သေဆုံးသူလူငယ်​မှာ အထူးကု​ဆေးရုံတစ်​ခုတွင်​လည်း ပြင်​ပလူနာအဖြစ်​ ​ဆေးကုသမှုခံယူ​နေရသူဖြစ်​​ကြောင်း သူ့ဖခင်​၏ ​​ပြောပြချက်​များအရ သိရှိရပြီး ယင်းသေဆုံးမှုနှင့် ပတ်​သက်​၍ ​ဝေါမြို့ မရဲစခန်းမှ​ သေမှု​သေခင်း အမှတ်​စဉ်​ (၉/၂၀၁၇)ဖြင့် အမှုဖွင့်လှစ်​၍ ဓမ္မတာအတိုင်း​ သေဆုံးခြင်းဟုတ်​မဟုတ်​ သိရှိနိုင်​ရန် ​စုံစမ်းစစ်​​ဆေး​နေ​ကြောင်း ဆက်​လက်​သိရှိရသည်​။

ဓါတ်ပုံ - Oo Oo
Waw Media Page
ဘုန်းကြီးပျံပွဲ ရုပ်​ကလာပ်​တင်​စံ​ကျောင်းလှည်း ကြိတ်​မိ၍ လူငယ်​တစ်​ဦး ​သေဆုံး ဘုန်းကြီးပျံပွဲ ရုပ်​ကလာပ်​တင်​စံ​ကျောင်းလှည်း ကြိတ်​မိ၍ လူငယ်​တစ်​ဦး ​သေဆုံး Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.