ကျောက်တံခါးမြို့နယ်၌ လူသတ်မှုဖြစ်ပွား


ကျောက်တံခါး မေ ၂၉

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်း အပိုင်ရဲစခန်း၏ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ မြို့ချောင်းကျေး ရွာအုပ်စု ပဲခူးရိုးမတောင်ပေါ် ကောင်းမြန်မာအောင် စိုက်ခင်း၌ ယမန်နေ့ ညနေ ၆နာရီက လူသတ် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေလင်းဦး (၂၇ နှစ်)(စိုက်ခင်းဝန်ထမ်း) ကြို့ကုန်း ကျေးရွာ ခင်အင်းကြီးကျေးရွာ အုပ်စုကျောက်တံခါးမြို့နယ်နေသူက ပဲခူးရိုးမတောင်ပေါ် ကောင်းမြန်မာ အောင် စိုက်ခင်း၌အလုပ်သမား ခေါင်း ကိုနိုင် (၂၅နှစ်)နှင့်အတူ အလုပ်လုပ်ကိုင်နေစဉ် အေးထွန်း (၄၅နှစ်) ကြို့ကုန်းကျေးရွာ ခင် အင်းကြီးကျေးရွာအုပ်စု ကျောက် တံခါးမြို့နယ်နေသူက အရက်သေ စာသောက်စားပြီး ရောက်ရှိကာ နေလင်းဦးနှင့် စကားများရန်ဖြစ် ရာမှ အေးထွန်းက နေလင်းဦး အား အရိုးအသွားနှစ်ပေခန့်ရှိ ဓားမ ဖြင့် ခုတ်လိုက်ရာ နေလင်းဦးတွင် အောက်မေးရိုး ပြတ်ရှဒဏ်ရာ တစ်ချက်၊လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ နားရွက်ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် ဝဲလက်ကောက် ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိပြီး အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ကောင်း မြန်မာအောင်စိုက်ခင်းအလုပ်သမား ခေါင်း ကိုနိုင်က တရားလိုပြုလုပ် တိုင်တန်း၍ ဖဒိုနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွဋ်ကိုက စစ်ဆေးဆောင် ရွက်ကာ အရက်သေစာသောက် စားပြီး လူသတ်မှုကျူးလွန်သူ အေး ထွန်းအား ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းက (ပ)၂၅၇/ ၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂အရ ဖမ်းဆီးအမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရ သည်။

ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
ကျောက်တံခါးမြို့နယ်၌ လူသတ်မှုဖြစ်ပွား ကျောက်တံခါးမြို့နယ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.