ရေပိုက်​စစ်​​ဆေးရန်​သွားသည့် ကိုရင်ကြီးပြန်​မလာ၍ ရှာ​ဖွေရာ ပျံလွန်တော်မူလျက်​တွေ့ရှိ

ကျိုင်းတုံ မေ ၂၃

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ နမ့်အင်းအုပ်စု၊ အမောဒေကျေးရွာ သဘာဝတရားရိပ်သာအနီး တောင်ကုန်းပေါ်တွင် ကိုရင်ကြီး ဦးမောဆာ( ၄၅ နှစ်၊ဘွဲ့အမည်မသိ) သေဆုံးလျက်ရှိကြောင်း ကိုရင်ကြီး၏ အမဖြစ်သူ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)ဟိုနောင်ဆင်ရွာနေ ဒေါ်အားဘ မှ မေလ(၂၂)ရက်နေ့ မွန်းလွဲ(၁၂) နာရီအချိန်ခန့်တွင် မြို့မရဲစခန်း သို့ လာရောက် သတင်းပို့ခဲ့သည်။

သတင်းရသည်နှင့် စခန်မှူး ဒုတိယရဲမှူးသန်းထွန်း၊ ရဲအုပ်အေးခိုင်နှင့် တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ် အရပ်သို့ သွားရောက် ကြည့်ရှုရာ ကိုရင်ကြီး ဦးမောဆာသည် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အ၀ါရောင်သင်္ကန်း၊ ခန္ဓာကိုယ်အောက်ပိုင်း တွင် နီညိုရောင်သင်္ကန်းကို ခါးတောင်ကျိုက် ၀တ်လျက် ပြင်ပဒဏ်ရာမရှိဘဲ ပုတ်ပွသေဆုံးနေသည်ကို တွေ့ခဲ့သည်။

ဦမောဆာသည် လွန်ခဲ့သော(၃)လခန့်က ကျိုင်းတုံမြို့ မုံလယ်ကျောင်းတွင် ကိုရင်ကြီးဝတ်ခဲ့ပြီး ၁၀ရက် ခန့်အကြာတွင် အမောဒေရွာအနီးရှိ သဘာဝရိပ်သာ ဘုန်ကြီးကျောင်းသို့ တစ်ပါးတည်း
သွားရောက်ကျောင်းထိုင် နေခဲ့ကြောင်း ကိုရင်းကြီး ဦးမောဆာ၏ အမဖြစ်သူ ဒေါ်အားဘ ကပြောသည်။

မေလ(၁၅)ရက်နေတွင် ဘုန်ကြီးကျောင်း၌ ရေမလာသဖြင့် ကိုရင်းကြီး ဦးမောဆာသည် ဘုန်းကြီး ကျောင်း၏ မြောက်ဘက်တစ်ဖာလုံခန့်အကွာ တောင်ကုန်းပေါ်ရှိ ရေပိုက်အား စစ်ဆေးရန် ထွက်သွားခဲ့ပြီး ပြန်ရောက်လာခြင်း မရှိ၍ မေလ(၂၁)ရက်နေ့ ညနေပိုင်းတွင် ဘုန်းကြီးကျောင်း
၌ ပန်းရံလုပ်နေသူ ကိုမျိုးက လိုက်လံရှာဖွေရာ​တောင်​ကုန်း​ပေါ်တွင်​ သေဆုံးနေကြောင်း ကိုမျိုးက မိမိထံ ဖုန်းဆက်အကြောင်းကြား၍ သိရကြောင်း ဒေါ်အားဘ က ဆက်ပြောသည်။

အဆိုပါ သေဆုံမှုနှင့်ပတ်သက်၍ ကိုရင်ကြီး ဦးမောဆာ၏ ရုပ်ကလာပ်အား ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်စစ်ဆေးနိုင်ရန် ကျိုင်းတုံဆေးရုံကြီးသို့ ပို့အပ်ထားကြောင်းသိရသည်။

mmn(ktg)
ကျိုင်းတုံ သတင်းစာ
ရေပိုက်​စစ်​​ဆေးရန်​သွားသည့် ကိုရင်ကြီးပြန်​မလာ၍ ရှာ​ဖွေရာ ပျံလွန်တော်မူလျက်​တွေ့ရှိ ​​ရေပိုက်​စစ်​​ဆေးရန်​သွားသည့် ကိုရင်ကြီးပြန်​မလာ၍ ရှာ​ဖွေရာ ပျံလွန်တော်မူလျက်​တွေ့ရှိ Reviewed by THITHTOOLWIN on 05:58 Rating: 5
Powered by Blogger.