ကောလင်းမြို့နယ်တွင် ဓါးထောက်၍ လုယက်မှု့ဖြစ်ပွား

ကောလင်းမြို့နယ် အနောက်ခြမ်း လယ်ရင်းတဲကျေးရွာလမ်းခွဲအနီး ဓါးထောက်၍ လုယက်မှု့ဖြစ်ပွား


ကောလင်း မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အောက်ကလုံးကျေးရွာမှ မမာမာဝင်းသည် မေလ ၂၂ ရက်နေ့ နံနက်(၁၀)နာရီခန့် အချိန်တွင် ဆိုင်ကယ်စီး၍ ကောလင်းမြို့သို့ သွားရောက်ရာ လယ်ရင်းတဲကျေးရွာ ရွာလမ်းခွဲနားအရောက်တွင် လူတဦးမှပြေးထွက်လာပြီး ဆိုင်ကယ်အား ဆွဲလိုက်ရာ ဆိုင်ကယ်လှဲသွားချိန် မမာမာဝင်းအား ဓါးဖြင့်ထောက်ကာ ပါလာသော ပိုက်ဆံအိပ်နှင့်အတူ ငွေ(၁၉၅၀၀၀)ကျပ်အား လုယူထွက်ပြေးသွားသည်ဟု သိရပါသည်။


လုယက်မှု့အား အချိန်မှီ မိမိကျေးရွာသို့ အကြောင်းကြားသဖြင့် အောက်ကလုံးကျေးရွာမှ အရံမီးသတ်အဖွဲ့ဝင်များနှင့် ကျေးရွာသားများမှ အခင်းဖြစ်ပွားသော နေရာတ၀ိုက်အား လိုက်လံရှာဖွေရာ လုယက်သူအား လယ်ရင်းတဲကျေးရွာ အရှေ့ဖက်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှု့ကျူးလွန်သူသည် လယ်ရင်းတဲရွာနေ ရဲနောင်(၃၀)နှစ် (ဘ)ဦးထွန်းရွှေဟုသိရှိရပါသည်။

အခင်းဖြစ်ပွားသောနေရာသည် မူးယစ်ဆေးရောင်ဝယ်မှု့နှင့် သုံးစွဲသူများ ကျက်စားသောနေရာဖြစ်ပြီး လုယက်မှု့များ မကြာခနဖြစ်ပွားသော နာမည်ကြီးနေရာဖြစ်သည်ဟု ဒေသခံတဦးမှပြော့ပပါသည်။

Kawlin Newslay
https://www.facebook.com/kawlinnewslay.kawlinnewslay
ကောလင်းမြို့နယ်တွင် ဓါးထောက်၍ လုယက်မှု့ဖြစ်ပွား ကောလင်းမြို့နယ်တွင် ဓါးထောက်၍ လုယက်မှု့ဖြစ်ပွား Reviewed by THITHTOOLWIN on 06:12 Rating: 5
Powered by Blogger.