ခရီးသည်အမျိုးသမီးတစ်ဦး ၎င်းစီးနင်းလာသည့်ယာဉ် ကြိတ်မိ သေဆုံး


မကွေးမြို့နယ်၊ တောင်ခွင်ကျေးရွာအနီးတွင် ခရီးသည်အမျိုးသမီးတစ်ဦး မေ(၁၆)ရက်နေ့က ၎င်းစီးနင်းလာသည့် ကားမှကြိတ်မိ၍ သေဆုံးခဲ့ကြောင်း မိကျောင်းရဲနယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မေ(၁၆)ရက်နေ့ နံနက်(၅)နာရီခွဲ အချိန်က တောင်ခွင်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ မိကျောင်းရဲနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ဝင်းလှိုင် သွားရောက်စစ်ဆေးခဲ့သည်။

သစ်ရာကောက်-ဆိပ်သာ-တောင်ခွင်-မကျီးကန်လမ်းအတိုင်း သစ်ရာကောက်ရွာဘက် မှ မကျီးကန်ကျေးရွာဘက်သို့ ဝင်းကျော်ထွန်း၊မကျီးကန်ကျေးရွာ၊ မကွေးမြို့နယ်နေသူ မောင်း နှင်လာသော 8G/-------ကန်တာ အမျိုးအစား အဖြူရောင်ယာဉ်သည် တောင်ခွင်ကျေးရွာ ချောင်းရိုးအတက်တွင် ယာဉ်မှာ မတက်နိုင်ဘဲ စက်ရပ်သွားသဖြင့် ခရီးသည်များ ယာဉ်နောက်မှဆင်းနေစဉ် ယာဉ်မှာနောက်ပြန်လိမ့်လာ၍ ယာဉ်နောက်မှ ဆင်းနေသူ တစ်ရွာတည်းနေ ဒေါ်တင်လှိုင်၊အား ယာဉ်၏ဝဲဘက်နောက်ဘီးဖြင့်ကြိတ်မိရာ ဒေါ်တင်လှိုင်တွင် ဝမ်းဗိုက်ကြေမွဒဏ်ရာရရှိပြီးအခင်းဖြစ်နေရာတွင်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေး သိရှိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်မောင်း ဝင်းကျော်ထွန်းအား အရေးယူပေးရန် ဒုရဲအုပ် အောင်ဝင်းလှိုင် က တရားလိုပြုတိုင်ကြားခဲ့၍ မကွေးမြို့နယ်၊မိကျောင်းရဲနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခရီးသည်အမျိုးသမီးတစ်ဦး ၎င်းစီးနင်းလာသည့်ယာဉ် ကြိတ်မိ သေဆုံး ခရီးသည်အမျိုးသမီးတစ်ဦး ၎င်းစီးနင်းလာသည့်ယာဉ် ကြိတ်မိ သေဆုံး Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.