ငရုပ်ခင်းထဲသို့ ဆိတ်ကျောင်းခဲ့၍ ညီအကိုချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား

ပျဉ်းမနားမြို့နယ်၌ ညီအစ်ကိုချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား
 နေပြည်တော် မေ ၁၇

ပျဉ်းမနားမြို့ နယ် တောင်သာအုပ်စု သူဌေးကုန်းကျေးရွာ၌ မေ ၁၄ ရက် ညနေ ၄ နာရီက ငရုတ်ခင်းထဲသို့ ဆိတ်ဝင်ရောက်ကျောင်းရာမှ ညီအစ်ကိုချင်း စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့ နယ် တောင်သာအုပ်စု သူဌေးကုန်းကျေးရွာနေ ဒေါ်ရွှေ(၅၈နှစ်)ဆိုသူသည် ရွာတောင်ဘက်ရှိ ကန်စွန်းခင်းထဲ တွင်ရှိနေစဉ် သားငယ် ဖြစ်သူ သိန်းမင်းစိုး (၂၃နှစ်)သည် ၄င်း၏ဆိတ်အား ဒေါ်ရွှေ၏ ငရုတ်ခင်းထဲသို့ လာရောက်ကျောင်း နေကြောင်း၊ ထိုစဉ် သားကြီးဖြစ်သူ ရဲမင်းစိုး(၂၈နှစ်)မှာ ဒေါ်ရွှေထံရောက်ရှိလာပြီး ပိုက်ဆံ တောင်းခံနေစဉ် ငရုတ်ခင်း ထဲ၌ သိန်းမင်းစိုး ဆိတ်ကျောင်းနေသည်ကို တွေ့ရှိသဖြင့် ငရုတ်ခင်းထဲ ဆိတ်မကျောင်းရန် ပြောဆိုရာမှ တစ်ဦးနှင့်တစ်ဦး စကားများကြကြောင်း၊ သိန်းမင်းစိုးက အသင့်ယူဆောင်လာသော ဓားဦးချွန်ဖြင့် ထိုးခဲ့သောကြောင့် ရဲမင်းစိုးမှာ ဒဏ်ရာများ ရရှိသဖြင့် နေပြည်တော် ခုတင် (၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ခဲ့သော် လည်း ရွာအထွက်တွင် ဓားဒဏ်ရာကြောင့် သေဆုံးခဲ့၍ ဒေါ်ရွှေက ပျဉ်းမနားမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ပျဉ်းမနားမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ သိန်းမင်းစိုးအား အမှုဖွင့်စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။ ရဲရဲ(ပျဉ်းမနား)

ရဲရဲ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငရုပ်ခင်းထဲသို့ ဆိတ်ကျောင်းခဲ့၍ ညီအကိုချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား ငရုပ်ခင်းထဲသို့ ဆိတ်ကျောင်းခဲ့၍ ညီအကိုချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.