မြောက်ဦးမြို့ လက်ခုပ်ရင်းရပ်တွင် မိလ္လာကျင်းထဲကျ၍ သုံးဦးသေဆုံး


မြောက်ဦး မေ ၂၂

မြောက်ဦးမြို့ အောင်တပ်အုပ်စု တောင်ရပ် အမှတ် (၁)ရပ်ကွက်နေ ဦးအောင်ကြီး (၅၃)နှစ် (ဘ) ဦးလှဖြူအောင် နေအိမ်တွင် မေ ၂၀ ရက် မွန်းလွဲ တစ်နာရီက မြောက်ဦးမြို့ အောင်တပ်အုပ်စု လက်ခုပ်ရင်းရပ်နေ ဦးဘမောင်(၂၉)နှစ်၊ ဦးကြွယ်ဖော်အောင် (၄၅)နှစ်၊ ဦးလှဖြူချေ (၃၆)နှစ်၊ ဦးကျော်ကျော်ဝင်း(ခ)၀င်းချေ(၃၄)နှစ် (ဘ) ဦးစံလှဖော်တို့ လေးဦးမှာ ငွေတစ်သိန်းကျပ်ဖြင့် မိလ္လာကျင်းထဲမှ မိလ္လာများကို ထုတ်ခဲ့ကြပြီး မိနစ် ၃၀ ခန့်ကြာ ကျင်းထဲတွင် ရှိနေသူ ဦးကြက်ဖော်အောင်နှင့် ဦးဘမောင်တို့မှ အသက်ရှုမွန်းကြပ်လာခဲ့သဖြင့် ဦးကျော်ကျော်ဝင်း (ခ)၀င်းချေနှင့် ဦးလှဖြူချေတို့မှ ကျင်းထဲ့သို့ဆင်း၍ ဆယ်ယူစဉ် ဦးဘမောင်နှင့် ဦးကြွက်ဖော်အောင်တို့မှာ ကျင်းထဲတွင် သေဆုံးသွားခဲ့ပြီး နေအိမ်ပိုင်ရှင် ဦးအောင်ကြီးနှင့်ပတ်ဝန်းကျင်နေသူများမှ ဦးကျော်ကျော်ဝင်းနှင့် ဦးလှဖြူချေတို့နှစ်ဦးကို ကျင်းထဲမှ ဆယ်ယူကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဦးကျော်ကျော်ဝင်းနှင့် ဦးလှဖြူချေတို့မှာ အခင်းဖြစ်ချိန်မှစ၍ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိရာမှ ယနေ့ ညနေ ၅ နာရီတွင် ဦးလှဖြူချေမှာ သေဆုံးသွားခဲ့သဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှျိေကြာင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြောက်ဦးမြို့ လက်ခုပ်ရင်းရပ်တွင် မိလ္လာကျင်းထဲကျ၍ သုံးဦးသေဆုံး မြောက်ဦးမြို့ လက်ခုပ်ရင်းရပ်တွင် မိလ္လာကျင်းထဲကျ၍ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.