မင်းပြားတွင် မြို့တွင်းသို့ ကျွဲဝင်ခတ်သဖြင့် မိန်းကလေး(၃)ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားတွင် မြို့တွင်းသို့ ကျွဲဝင်ခတ်သဖြင့် မိန်းကလေး(၃)ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၌ မေလ ၁၉ ရက်၊ နံနက်(၁ဝ)နာရီကျော်ခန့်တွင် မြို့တွင်းသို့ ကျွဲ(၃)ကောင်ဝင်လာပြီး လမ်းတလျှောက်ရှိလူများအား အန္တရာယ်ပြုရာ မိန်းကလေး(၃)ဦးဒဏ်ရာရရှိသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရှိရသည်။

 အဆိုပါကျွဲများသည် မင်းပြားမြို့၏ တောင်ဖက်ဥက္ကပျံရပ်ကွက်မှ မြောက်ဖက် ငါးထန်ပြင်းကျေးရွာအနီးအထိ တစ်မိုင်ခန့်တလျှောက်မှ လမ်းသွားလမ်းလာများအား ရန်ပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မြို့ထဲဝင်လာပြီး လမ်းတစ်လျှောက်ကလူတွေကို လိုက်ခတ်ပါတယ်။ ငါးထန်ပြင်းရွာအနီးက လယ်ကွင်းမှာ ကျွန်တော်တို့ ကျွဲတွေကိုဖမ်းမိထားပါပြီ။ ကျွဲတစ်ကောင်ကိုတော့ ခြေကြော၊ လက်ကြောတွေ ဖျက်ဆီးလိုက်ရ တယ်။ ကျွဲပိုင်ရှင်ကိုတော့ စုံစမ်းတုန်းပါ။”ဟု မင်းပြားမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ညီညီက ပြောသည်။

အဆိုပါ ကျွဲများမှာ သားသတ်ပိုင်ရှင်များလက်မှ ထွက်ပြေးလာကြသော ကျွဲများဖြစ်ကြောင်း ဒေသခံများက သုံးသပ်ထားကြသည်။ကျွဲခတ်၍ ဒဏ်ရာရရှိသွားသူများမှာ မြို့သစ်ရပ်ကွက်မှ (၂)ဦးနှင့် ဥက္ကပျံရပ်ကွက်မှ (၁)ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာ မပြင်းထန်သဖြင့် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားကြကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မင်းပြားတွင် မြို့တွင်းသို့ ကျွဲဝင်ခတ်သဖြင့် မိန်းကလေး(၃)ဦး ဒဏ်ရာရ  မင်းပြားတွင် မြို့တွင်းသို့ ကျွဲဝင်ခတ်သဖြင့် မိန်းကလေး(၃)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.