ကင်းလှည့်စစ်ဆေး​နေ​သော ရဲတပ်ဖွဲ့ဝင်များနှင့် ​စေတနာဝန်ထမ်း အရပ်​သားလုံခြုံရေးများ ကားတိုက်​ခံရ၊ (၃)ဦး​ ​သေဆုံး


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်း၊ ခိုင်ရွှေဝါလမ်းနှင့်ဇလပ်ဝါလမ်းကြားတွင်​ ​မေ ၂၃ရက်​ နံနက်​ ၁နာရီအချိန်​ခန့်​က ကင်းလှည့်စစ်ဆေး​နေ​သော ရဲတပ်ဖွဲ့ဝင်များနှင့် ​စေတနာဝန်ထမ်း အရပ်​သားလုံခြုံရေးများအား မူးယစ်​​ဆေးဝါးသုံးစွဲထားသည်​ဟု ယူဆရသူတစ်ဦး ​မောင်းနှင်​​သောကားဖြင့်ဝင်တိုက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ​စေတနာဝန်ထမ်း အရပ်​သားလုံခြုံရေးများ ဒဏ်ရာအပြင်းအထန်ရရှိကြပြီး ရဲတပ်သား တစ်ဦး၊ စေတနာဝန်ထမ်း အရပ်​သားလုံခြုံရေး တစ်ဦးနှင့်​ ခရီးသွား တစ်ဦး စုစု​ပေါင်း (၃)ဦး​ ​သေဆုံး​ကြောင်း က​နေဦး သတင်းရရှိသည်​။

အဆိုပါဖြစ်​စဉ်​မှ ယာဉ်​​မောင်း မူးယစ်​​ဆေးဝါးသုံးစွဲထားသည်​ဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ​ကြောင်း သိရသည်​။

Photo-Tin Aung
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ကင်းလှည့်စစ်ဆေး​နေ​သော ရဲတပ်ဖွဲ့ဝင်များနှင့် ​စေတနာဝန်ထမ်း အရပ်​သားလုံခြုံရေးများ ကားတိုက်​ခံရ၊ (၃)ဦး​ ​သေဆုံး​ ကင်းလှည့်စစ်ဆေး​နေ​သော ရဲတပ်ဖွဲ့ဝင်များနှင့် ​စေတနာဝန်ထမ်း အရပ်​သားလုံခြုံရေးများ ကားတိုက်​ခံရ၊ (၃)ဦး​ ​သေဆုံး​ Reviewed by THITHTOOLWIN on 11:42 Rating: 5
Powered by Blogger.