မြစ်ကြီးနားမြို့ တွင် လူနေအိမ် ၄လုံး မီးလောင်ကျွမ်း


မေ -၂၃

မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်တွင် မေလ ၂၃ ရက်နေ့ ယနေ့နေ့ခင်းပိုင်းကဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နှစ်ထပ်လူနေအိမ်နှစ် လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဘေးနှစ်ဘက်ရှိ လူနေအိမ်နှစ်လုံးမှာလည်း မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်စီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဒေါ်လွင်လွင်အောင်ပိုင်ဆိုင်သည့် အိမ်အမှတ် ၁၇၅ မှ ရေတင်နေစဉ်ဝါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။

မီးလောင်မှုကြောင့် အိမ်အမှတ် ၁၇၅၊ ၁၇၆ တို့ပျက်စီးခဲ့ရပြီး အိမ်အမှတ် ၁၇၄နှင့် ၁၇၇တို့မှာ အနည်းငယ်စီ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မြစ်ကြီးနားမြို့ တွင် လူနေအိမ် ၄လုံး မီးလောင်ကျွမ်း မြစ်ကြီးနားမြို့ တွင် လူနေအိမ် ၄လုံး မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.