ပေါက်တောမီးလောင်မှု နေအိမ် ၈ လုံးပါသွားကာ လူ ၉ ဦး ဒဏ်ရာရရှိ


ရခိုင်ဂေဇက် ၊ မေ ၁၇

ရခိုင်ပြည်နယ် ပေါက်တောမြို့ အမှတ် ( ၃ ) ရပ်ကွက်တွင် မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၄၀ အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ နေအိမ် ၈ လုံ ပါသွာကာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွန့် ကပြောသည်။


မီးလောင်မှုမှာ ယင်းမြို့ အမြန်ယာဉ်ဆိပ်ကမ်း ဓါတ်ဆီးဆိုင်မှ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ လက်ရှိအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဓာတ်ပုံ ၊ ကောင်းမြတ်နိုင် ( fb )
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ပေါက်တောမီးလောင်မှု နေအိမ် ၈ လုံးပါသွားကာ လူ ၉ ဦး ဒဏ်ရာရရှိ ပေါက်တောမီးလောင်မှု နေအိမ် ၈ လုံးပါသွားကာ လူ ၉ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.