အကြမ်းဖက်သမား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိသော လက်နက်


မောင်တောမြို့နယ် သဝင်ချောင်းကျေးရွာမှာ လက်နက်များနှင့်အတူ အကြမ်းဖက် ၃ ဦးအား မေလ ၂၆ ရက်နေ့ နံနက်က ဖမ်းဆီးရမိကြောင်း မောင်တောတောင်ခြင်းရှိ ရဲကင်းစခန်းမှ ယာယီတပ်ရင်းမှူး နေထွန်းလင်းက ပြောသည်။

မောင်တောတောင်ခြင်းရှိ ရဲကင်းစခန်းများအား တုတ်၊ ဓါး၊ လုပ်သေနတ်ပါရှိသော အကြမ်းဖက်သမားများမှ ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရရှိ၍ ယာယီတပ်ရင်းမှူး နေထွန်းလင်း ဦးစီးတပ်ခွဲ (၁) နှင့် ဒုရဲမှူးကြီး သန့်ဇင်ဦးအဖွဲ့ အင်အား ၅၀ ဖြင့် ယနေ့ (မေလ ၂၆) နံနက် ၆ နာရီမှာ သဝင်ချောင်းကျေးရွာအား ရှာဖွေရာ အာမန် (ဘ) ဦးမာဒူး၊ အမီရိုဟောက် (ဘ) ဦးဆွေဒေါ်၊ အဒူလာမိန် (ဘ) ဦးအဆလင်တို့ကို မာမတ်ရော်ဖိတ် (ဘ) ဦးမာဒူး နေအိမ်တွင် လုပ်သေနတ်များနှင့်အတူ ဖမ်းဆီးရမိကြောင်း ၄င်းကပြောသည်။

ဓါတ်ပုံ - ချလူးအောင်/DMG
Development Media Group
https://www.facebook.com/dmgnewsagency/
အကြမ်းဖက်သမား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိသော လက်နက် အကြမ်းဖက်သမား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိသော လက်နက် Reviewed by THITHTOOLWIN on 03:59 Rating: 5
Powered by Blogger.