၂၀၁၇ ပြည်သူ့ဂုဏ်ရည် ဆု ဖေါင်တော်ဦးဘုန်းတော်ကြီးကျောင်း ရရှိ


ကျောင်းသားတွေကို လွတ်လွတ်လပ်လပ်စဉ်းစားတွေးခေါ်တတ်အောင် သင်ရိုးပုံစံ အသစ်နဲ့ ပညာသင်ကြား ပေးနေတဲ့ ဖေါင်တော်ဦး ဘုန်းတော်ကြီးသင်၊ တွဲဘက် အထက်တန်း ကျောင်းကို အဝေးရောက်မြန်မာနိုင်ငံသားများက ချီးမြှင့်တဲ့ ၂၀၁၇ခုနှစ် အဌမအကြိမ် မြောက် Citizen of Burma award ရရှိသူ အဖြစ် မနေ့ကကြေညာလိုက်ပါတယ်။

ဆုကြေညာပွဲကို မနေ့က အမေရိကန်နိုင်ငံ ကော်ရိုရာဒိုပြည်နယ် မှာ ပြုလုပ်သွားတာဖြစ်ပါတယ်။

ဆုရရှိသူများနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ရေးကော်မတီ ဘဏ္ဏာရေးမှူး ဦးကျော်ဝဏ္ဏ ပြောပြပါတယ်။

" ၂၀၁၇ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရတဲ့ အဖွဲ့ကတော့ ဖေါင်တော်ဦးပရဟိတ၊ ဘုန်းတော်ကြီးသင်၊ တွဲဘက် အထက်တန်းကျောင်းဖြစ်ပါတယ်။ ဆရာတော်ဦးနာယက ဦးစီးပြီးတော့ ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်တတ်အောင် သင်ရိုးပုံစံ အသစ်နဲ့ပညာသင်ပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။ အထူးဆုတွေအနေနဲ့ လိင်မှု ဆိုင်ရာပညာပေး လုပ်ငန်းတွေ ကျယ်ပြန့်စေချင်တဲ့ ကိုစိုးထိုက် (ဖထို)နဲ့ စာကြည်တိုက်များကွန်ယက် Save the Library နောက်ပြီးတော့ လျှပ်စစ် အင်ဂျင်နီယာ ဦးအေးကျော်ကျော် သူတို့ ရရှိပါတယ်ခင်ဗျား "

ဆုရရှိသူတွေကိုမနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဆုချီးမြှင့်ပွဲကိုတော့ လာမဲ့ ဇွန်လ ၄-ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရရှိသူကို ငွေသား အမေရိကန်ဒေါ်လာ တစ်သောင်း ချီးမြှင့်မှာ ဖြစ်ပြီး အထူးဆုရရှိသူတွေကိုတော့ တစ်ဦးကို အမေရိကန်ဒေါ်လာ တစ်ထောင်ချီးမြှင့်မှာဖြစ်ပါတယ်။

ဒီဆုတွေအတွက် အဝေးရောက်မြန်မာနိုင်ငံသားတွေထည့်ဝင်တဲ့ အလှူငွေများနဲ့ ချီးမြှင့်ခဲ့တာ ၂၀၁၀ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ ဆုကြေညာပွဲနဲ့ ဆုပေးပွဲ အခန်းအနားတွေမှာ ကောက်ခံရရှိထားတဲ့ ငွေတွေကို အသုံးပြုမှာမဟုတ်ဘဲ အလှူငွေကို ဆုရရှိသူတွေအတွက်သာ သီးသန့်ထားရှိပေးအပ်တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
၂၀၁၇ ပြည်သူ့ဂုဏ်ရည် ဆု ဖေါင်တော်ဦးဘုန်းတော်ကြီးကျောင်း ရရှိ ၂၀၁၇ ပြည်သူ့ဂုဏ်ရည် ဆု ဖေါင်တော်ဦးဘုန်းတော်ကြီးကျောင်း ရရှိ Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.