အမြန်လမ်းတွင် ယာဉ်တစ်စင်းတိမ်းမှောက်မီးလောင်၊ သုံးဦးဒဏ်ရာရ


ရန်ကုန်၊ မေ ၁၂

ယနေ့ ၁၂.၅.၂၀၁၇ ရက်နေ့၊ ၁၇း၃၅ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄မိုင် ၄ ဖာလုံနှင့် ၅ဖာလုံကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ၁၁မိုင်အမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး၊ ထောက်ကြန့် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ လှည်းကူးမီးသတ်စခန်းမှ ၁စီး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၄စီး ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ၁၇း၅၇ အချိန်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။


ယာဉ်ပေါ်တွင်လိုက်ပါလာသူ သုံးဦးဒဏ်ရာရှိကြောင်း လှည်းကူမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက AHN သို့ပြောသည်။

"ကားက မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ကားပါ။ ကားပေါ်ပါလာတဲ့ အမျိုးသား သုံးဦး ဒဏ်ရာရပါတယ်။ မစိုးရိမ်ရပါဘူး၊ သူတို့အခုလှည်းကူးဆေးရုံကိုရောက်နေပါပြီ ခင်ဗျား " ဟု ၄င်းကပြောသည်။

AHN
SOURCE AND PHOTO=Myanmar Fire Services Department
The Asia Heart News
အမြန်လမ်းတွင် ယာဉ်တစ်စင်းတိမ်းမှောက်မီးလောင်၊ သုံးဦးဒဏ်ရာရ အမြန်လမ်းတွင် ယာဉ်တစ်စင်းတိမ်းမှောက်မီးလောင်၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.