လိမ်​လည်​​ခေါ်​ဆောင်​ကာ တစ်​လခန့်သားမယားပြုကျင့်သူကို ​အမြင့်ဆုံး ပြစ်​ဒဏ်​ချမှတ်


မိန်းက​လေးငယ်​များကို အခ​ကြေး​ငွေယူပြီး ထိုင်းနိုင်​ငံသို့ ပို့​ပေးမည်​ဟု လိမ်​​ခေါ်ပြီး တစ်​လခန့်​ သားမယားပြုကျင့် ခဲ့​ကြောင်း စွပ်​စွဲချက်​ဖြင့် အမှုရင်​ဆိုင်​​နေရ​သူဖြစ်​သည့် မွန်ပြည်နယ် ​ပေါင်​မြို့နယ်​ ထန်းပင်​​ချောင်​ကြီး​ကျေးရွာမှ ဦးငယ်​ နှင့် ဒေါ်စန်းနုတို့၏သား မင်​ဦး ၂၂ နှစ်​အား ​ပေါင်​မြို့နယ်​ တရားရုံး ရာဇ၀တ်​ကြီးမှု အမှတ်​ ၂၈၈/၂၀၁၆ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၆၃ အရ​အလုပ်​ကြမ်းနှင့် ထောင်​ဒဏ်​ ၇နှစ်​ကျခံ​စေရန်​ မြို့နယ်​တရားသူကြီး​ဒေါ်ဝင်းမာခင်​ မှ ထိ​ရောက်​ဟန့်​ တား​လောက်​​သော အမြင့်ဆုံးပြစ်​ဒဏ်​များကို ၂၀၊၄၊၂၀၁၇ ရက်​​နေ့က အမိန့်​ချမှတ်​ခဲ့သည်​။

မင်းဦးသည်​ မြ၀တီ၊ ထန်းပင်​​ချောင်​လိုင်းကား​မောင်း​နေသူဖြစ်​ပြီး ၎င်း၏မိခင်​​ဒေါ်စန်းနုက ငွေ ၈သိန်းကျပ်​ယူကာ အလုပ်​ရှာ​ပေးမည်​ဟု ​ပြောဆို ချိတ်​ဆက်​​ပေးသည့် အသက်​၁၆နှစ်​အရွယ်​ ထန်းပင်​​ချောင်​ရွာမှ မ×××အား မိမိကားဖြင့် တင်​​ခေါ်သွားပြီး​နောက်​ မဲ​ဆောက်​မြို့ရှိ ၎င်းတို့ငှားရမ်းထား​သော ကားဂိတ်​တိုက်​ခန်းတွင် ​ညဘက်​အချိန်​ သားမယားပြုကျင့်ကာ ​နေရာအချို့သို့တစ်​လခန့်​​ခေါ်ထားခဲ့စဉ်​ မိန်းက​လေး၏အဖွားဖြစ်​သူက အမှုတိုင်​တန်းခဲ့​သော​ကြောင့် တစ်​နှစ်​​ကျော်​ကြာ အမှုရင်​ဆိုင်​ခဲ့ပြီး ယခုကဲ့သို့ပြစ်​ဒဏ်​များ ချမှတ်​ခံရခြင်းဖြစ်​သည်​။

၎င်း၏အကိုဖြစ်​သူ ရန်​​အောင်​မှာလည်း အလားတူပြစ်​မှုဖြင့်လည်း​ကောင်း မိခင်​​ဒေါ်စန်းနုမှာ ပြည်​ပအလုပ်​အကိုင်​ရှာ​ဖွေ​ရေး ဥပ​ဒေပုဒ်​မ၂၆ အရလည်း​ကောင်း သားဖြစ်​သူပြစ်​မှုကျုးလွန်​စဉ်​ပါဝင်​ကူညီခဲ့သဖြင့်လည်း​ကောင်း ​ထောင်​ဒဏ်​များ ကျခံ​နေရဆဲဖြစ်​သည်​။

Paung Daily
https://www.facebook.com/paungdaily/
လိမ်​လည်​​ခေါ်​ဆောင်​ကာ တစ်​လခန့်သားမယားပြုကျင့်သူကို ​အမြင့်ဆုံး ပြစ်​ဒဏ်​ချမှတ်​ လိမ်​လည်​​ခေါ်​ဆောင်​ကာ တစ်​လခန့်သားမယားပြုကျင့်သူကို ​အမြင့်ဆုံး ပြစ်​ဒဏ်​ချမှတ်​ Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.