ဘူးသီးတောင်မြို့နယ် လုတ်စာကိုင်းကျေးရွာ၌ မသင်္ကာသူ ၅ဦး ထပ်မံဖမ်းဆီးရမိ


ဧပြီ ၂၇ ၊‎၂၀၁၇

၂၀၁၇ ခုနှစ် မတ် ၇ ရက်ညနေပိုင်းတွင် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာ မြောက်ဘက် လျှိုမြောင်အတွင်းမှ လူနေတဲများနှင့် လူအသုံးအဆောင်ပစ္စည်းများတွေ့ရှိရာမှ ရှာဖွေဖော်ထုတ်ခဲ့ရာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ကျောင်းတောင်ကျေးရွာနေ အဒူလာမိန် နှင့် ငွေကြေးပံ့ပိုးပေးသူ အဒူရော်ရှီး ပါ ၁၃ ဦးတို့ ဖမ်းဆီးရမိခဲ့မှု သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ဆက်စပ်နိုင်သည့် မသင်္ကာသူ ၅ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ဧပြီ ၂၆ ရက်နေ့တွင် နယ်မြေလုံခြုံရေးကင်း လှည့်ဆောင်ရွက်စဉ် ဘူးသီးတောင်မြို့နယ် လုတ်စာကိုင်းကျေးရွာ၌ ယာဆိမ်း ၄၇ နှစ်ပါ မသင်္ကာသူ ၅ ဦး အားထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား ကျောင်းတောင်ရဲစခန်း၌ အမှုတွင်ပါဝင်ပတ်သက်ခြင်းရှိ/မရှိ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ဘူးသီးတောင်မြို့နယ် လုတ်စာကိုင်းကျေးရွာ၌ မသင်္ကာသူ ၅ဦး ထပ်မံဖမ်းဆီးရမိ ဘူးသီးတောင်မြို့နယ် လုတ်စာကိုင်းကျေးရွာ၌ မသင်္ကာသူ ၅ဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:29 Rating: 5
Powered by Blogger.