ကော့သောင်း - ရနောင်း ခရီးသည်လှေနစ်မြုပ် မှု မှ ပျောက်ဆုံးခရီးသည် အမျိုးသား သေဆုံးလျှက်ပြန်လည်တွေ့ရှိ


ကော့သောင်း ၊ ဧပြီ ၂၆ ရက်

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့၊ ဓမ္မာရုံ ကူးတို့ဆိပ်အရှေ့ ပါချန်မြစ်အတွင်း ဧပြီလ ၂၅ ရက်နေ့က နစ်မြုပ်ခဲ့ရာမှ ပျောက်ဆုံးနေသည့် ခရီးသည်အမျိုးသားတစ်ဦး၏ အလောင်းအား ယနေ့ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်း က လှေနစ်မြုပ်ရာ နှင့် မနီးမဝေး ကျောက်ဆောင်များအနီး ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။


အဆိုပါ ကော့သောင်း - ရနောင်း ခရီးသည်တင်ကူးတို့ ပဲ့ချိတ်လှေ နစ်မြုပ် မှုဖြစ်စဉ်တွင် ခရီးသည် (၁၅)ဦး မှ (၁၄)ဦး အားအသက်ရှင်လျှက်ပြန်လည်ကယ်ဆယ်ရရှိခဲ့ပြီး ပျောက်ဆုံးနေသည့် ခရီးသည်အမျိုးသား ဘီလူးကျွန်းချောင်းဆုံမြို့နယ်နေထိုင်သည့် အောင်ထိန်လင်း(၃၄)နှစ် (ဘ)ဦးအောင် ဆိုသူ ၏ အလောင်းအား ယနေ့ ညနေပိုင်းတွင် ရနောင်း မှ ကော့သောင်းသို့ ပြန်လာသည့် ပဲ့ချိတ်လှေတစ်စီးမှ တွေ့ရှိ ဆယ်ယူ ရရှိခဲ့ပြီး မြို့မဆိပ်ကမ်းတံတားမှ တဆင့် နာရေးကူညီမှုအသင်း (ကော့သောင်း) ပရဟိတအဖွဲ့သားများ အကူအညီဖြင့် ကော့သောင်းမြို့ပြည်သူ့ဆေးရုံ သို့ပို့ဆောင် ပေးခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ မိဘဆွေမျိုးများထံအကြောင်းကြားပေးမှုနှင့် လိုအပ်သည့်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung Iprd
ကော့သောင်း - ရနောင်း ခရီးသည်လှေနစ်မြုပ် မှု မှ ပျောက်ဆုံးခရီးသည် အမျိုးသား သေဆုံးလျှက်ပြန်လည်တွေ့ရှိ ကော့သောင်း - ရနောင်း ခရီးသည်လှေနစ်မြုပ် မှု မှ ပျောက်ဆုံးခရီးသည် အမျိုးသား သေဆုံးလျှက်ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.