တာချီလိတ်မြို့နယ်ရှိ ရန်ရှင်း(၄)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

တာချီလိတ်မြို့နယ်ရှိ ရန်ရှင်း(၄)ကျေးရွာ၌ မီးကြွင်းမီးကျန်မှတဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
တာချီလိတ် ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ကျေးရွာ၌ ယနေ့ ဧပြီလ ၂၈ ရက်၊ နံနက် ၈ နာရီ ခွဲခန့်က နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ကျေး ရွာနေ ဒေါ်နာယော် မိသားစုသည် လယ်လုပ်ရန် သွားရောက်နေစဉ် နေအိမ်မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် နံနက် ၈ နာရီခွဲခန့်က စတင်၍ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


 ယင်းမီးလောင်မှုအား ကျေးရွာနေပြည်သူများနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်း ငြှိမ်းသတ်သဖြင့် နံနက် ၉ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး၊ မီးလောင်မှုကြောင့် (၃၀×၂၀)ပေရှိ သွပ်မိုး၊ ပျဉ်ကာနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်နာယော် အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တာချီလိတ်မြို့နယ်ရှိ ရန်ရှင်း(၄)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား တာချီလိတ်မြို့နယ်ရှိ ရန်ရှင်း(၄)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.