ပြင်သစ် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကလေးငယ် ၃၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

ပြင်သစ် နိုင်ငံ မူလတန်း ကျောင်း တစ်ကျောင်း တွင် ကလေးငယ်များအား စာသင်ကြားနေစဉ်(ဆင်ဟွာ)
    ပဲရစ် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

    ပြင်သစ် နိုင်ငံ အရှေ့မြောက်ပိုင်း Seine-Maritime ပြည်နယ် အစိုးရ က Rouen မြို့ရှိ မူလတန်းကျောင်း နှင့် ကလေးထိန်းကျောင်း များရှိ ကလေးငယ် ၃၀၀ ကျော်ခန့်သည် ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အစာအဆိပ်သင့် သည့် လက္ခဏာ များ စတင်တွေ့ရှိခဲ့ရပြီး လက်ရှိချိန်တွင် ဖြစ်ပွားခဲ့ရသည့် အကြောင်း ကို စစ်ဆေးနေဆဲဖြစ်ကြောင်း အတည်ပြုပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက်အရ အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ကလေးငယ် များသည် အသက် ၃ နှစ် မှ ၁၂ နှစ်အတွင်း ဖြစ်ကြပြီး Rouen မြို့ရှိ မူလတန်းကျောင်း ၄၁ ကျောင်း နှင့် ကလေးထိန်းကျောင်း ၆ ကျောင်း တို့မှ ဖြစ်ကြကြောင်း ၊ ၄င်းကလေးငယ် တို့သည် ထိုနေ့တွင် Rouen မြို့ရှိ ကျောင်းများကို နေ့လယ်စာ ပေးပို့သည် ကုမ္ပဏီ တစ်ခု မှ တူညီသော အစားအစာ များကို စားသောက်ခဲ့ကြကြောင်း ၊ ထိုနောက်တွင် ကလေးငယ် တို့မှ ခေါင်းကိုက်ခြင်း ၊ အန်ခြင်း စသည့် လက္ခဏာ များ ဖြစ်ပွား ခဲ့ကြောင်း ရေးသား ဖော်ပြ ခဲ့သည်။

Seine-Maritime ပြည်နယ်မှူးရုံး ဌာနမှူး က အစာအဆိပ်သင့်သည့် ကလေးငယ် များ ပိုမို များပြားလာခဲ့ပြီး လက်ရှိချိန်တွင် ဆေးရုံဝန်ထမ်းပေါင်း ၁၀၀ ကျော် မှ သက်ဆိုင်ရာကျောင်းများကို သွားရောက်ကာ ဆေးဝါး ကုသမှုများဆောင်ရွက်ပေးနေကြောင်း မီဒီယာ များထံသို့ပြောကြား ခဲ့သည်။

Seine-Maritime ပြည်နယ်အစိုးရ ၏ သတင်းထုတ်ပြန်ချက်တွင် အစာအဆိပ်သင့်သည့် ကလေးငယ်မျာ စားသောက်ခဲ့သည့် နေ့လည်စာ ကို လက်ရှိချိန်တွင် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ကလေးငယ်ပေါင်း ၈၉ ဦး ကို ဆေးရုံ သို့ ပို့ဆောင်၍ ကုသမှု ဆောင်ရွက်နေကြောင်း ၊ လက်ရှိချိန်တွင် စိုးရိမ်ရသည့် အဆိပ်သင့်မှု အခြေအနေကို မတွေ့ရှိရသေးဘဲ ကလေးငယ် အများစု ကို အိမ်သို့ ပြန်လည် စေလွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ပြင်သစ် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကလေးငယ် ၃၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား ပြင်သစ် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကလေးငယ် ၃၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.