မြ၀တီမြို့တွင် ဆိုက်ကယ်တက္ကစီ ငှါးပြီး ဓါးနှင့်ထိုးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူများ ဖမ်းဆီးမိ

မြ၀တီမြို့တွင် ဆိုက်ကယ်တက္ကစီ ငှါးပြီး ဓါးနှင့်ထိုးကာဆိုင်ကယ်လုယူထွက်ပြေးသွားမှုအား ဖြစ်စဉ်ဖြစ်ပွားပြီး (၅)မိနစ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
မြ၀တီ ဧပြီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူတစ်ဦးအား ဓါးဖြင့်ထိုး၍ ဆိုင်ကယ် လုယူထွက်ပြေးသွားမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ သတင်းရလျှင်ရခြင်း ပိတ်ဆို့ဖော်ထုတ်ဖမ်းဆီးရာမှ ဖြစ်စဉ်ဖြစ်ပွားပြီး၅ မိနစ်အကြာ ပြစ်မှုကျူးလွန်သူအား တစ်ဦးအားသက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်ခဲ့သူပါ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ၂၉-၄-၂၀၁၇ ရက်နေ့၊ နံနက် ၁၀နာရီ ၃၀ မိနစ်အချိန် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီး ယာဘက်ဘေး၊ လမ်းသွယ်ထဲတွင် အမည်မသိ(စုံစမ်းဆဲ)ဆိုင်ကယ်တက္ကစီယာဉ်မောင်း တစ်ဦးအား လူ(၂)ဦးမှ ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူထွက်ပြေးသွားကြောင်း သတင်းရလျှင်ရခြင်း မြ၀တီမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ကိုကိုနိုင် ဦးစီးအဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးမြ၀တီခရိုင် မှုခင်း နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးကျော်ဦးစီးအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးဦးစီးအဖွဲ့၊ သင်္ဃန်းညီနောင်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ချမ်းမွန်းဦးစီးအဖွဲ့တို့မှ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်စစ်ဆေးတွေ့ရှိချက်အရ ဓါးဖြင့်အထိုးခံရသူမှာ နိုင်ဝင်း၊၄၃နှစ်၊ မဲကနယ်ကျေးရွာမြ၀တီမြို့နယ်နေသူဖြစ်ပြီး ၀ဲဘက်မ ပြတ်ရှဒဏ်ရာ၊ ယာနို့အုံထိုးသွင်းဒဏ်ရာ၊ ယာဘက် နို့အုံနှင့် ပုခုံးအကြား ထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မြ၀တီခရိုင် ဆေးရုံကြီး သို့ ရဲဆေးစာဖြင့် တင်ပို့ထားခဲ့သည်။

ထိုသို့ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ၁၀နာရီ၄၀ မိနစ်အချိန် သင်္ကန်းညီနောင်၊ ယခင်(DKBA) ရင်း(၉၀၇) ၊ ယခုတပ်နယ်(၃) လုံခြုံရေးဂိတ်အနီး ရဲအုပ် မျိုးကျော်ဦးစီးအဖွဲ့မှ ဆိုင်ကယ်တစ်စီးနှင့်မသင်္ကာဖွယ် လူငယ်တစ်ဦးအား တွေ့ရှိ၍မေးမြန်းစစ်ဆေးရာ ရဲလင်းအောင်(ခ)သားကြီး၊( ၂၂နှစ် )ဖြစ်ကြောင်းသိရှိရပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အောင်စိုးမိုး(ခ)စိုးမိုးနှင့်အတူ မဲကနယ်ကျေးရွာမှ ဆိုင်ကယ်တက္ကစီတစ်စီးအား ဌါးရမ်းလာပြီး အခင်းဖြစ်နေရာအရောက်ဆိုင်ကယ်တက္ကစီသမား၏ ရင်ဘက်အား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူအောင်စိုးမိုးအားမြ၀တီမြို့၊ဖားခြောက်ကောင်ဘုန်းကြီး ကျောင်း ၀င်းသို့ ပို့ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရဲအုပ် မျိုးကျော်မှ ဒုရဲမှူး ကိုကိုနိုင်နှင့် အဖွဲ့ထံ သတင်းပို့ချိတ်ဆက်၍ သွားရောက် ဖမ်းဆီးခဲ့ရာ အောင်စိုးမိုး(ခ)စိုးမိုး၊ ၅၄ နှစ်အား ဖားခြောက်ကောင်ဘုန်းကြီး ကျောင်းဝင်းဇရပ်အနီးမှ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်သူနှစ်ဦးအား မြ၀တီရဲစခန်းမှ (ပ)၄၁၅ /၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
မြ၀တီမြို့တွင် ဆိုက်ကယ်တက္ကစီ ငှါးပြီး ဓါးနှင့်ထိုးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူများ ဖမ်းဆီးမိ မြ၀တီမြို့တွင် ဆိုက်ကယ်တက္ကစီ ငှါးပြီး ဓါးနှင့်ထိုးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူများ ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.