အာဆီယံ ထိပ်သီးညီလာခံ မကျင်းပမီ မနီလာမြို့ တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၁၁ဦး ဒဏ်ရာရရှိ

မနီလာမြို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဧပြီ ၂၈ ရက် ည က အဓိက လမ်းမကြီးတစ်ခု တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနများက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Quiapo ခရိုင် တွင် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် ည ၁၁း၀၀နာရီ က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဧပြီ ၂၉ရက်တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံ မတိုင်ခင် တစ်ညတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရခြင်းကို စုံစမ်းနေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို လတ်တလော သိရှိခြင်းမရှိသေးကြောင်း နှင့် ပေါက်ကွဲမှုသည် ထိပ်သီးညီလာခံနှင့် သက်ဆိုင်မှုမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

(Xinhua)
http://xinhuamyanmar.com
အာဆီယံ ထိပ်သီးညီလာခံ မကျင်းပမီ မနီလာမြို့ တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၁၁ဦး ဒဏ်ရာရရှိ အာဆီယံ ထိပ်သီးညီလာခံ မကျင်းပမီ မနီလာမြို့ တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၁၁ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.